Skip to main content
Oct 28, 2023
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်လင့် နေကြသော ပြည်သူများအဖို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း တွင် လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့မြင်ရသည့် တိုက်ခိုက်မှု၊ ဖျက်ဆီးမှုပုံရိပ်များနှင့် သတင်းများမှာ ဝမ်းနည်းဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ဆောင်ထား သူများမဟုတ်သည့် အရပ်သားအပြစ်မဲ့ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုမှာလည်း စိုးရိမ်ပူပန်စရာ ဖြစ်သည်။
Oct 27, 2023
​​​​​​​အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော အခြေခံကျသည့်လုပ်ငန်းများဖြစ်သည်။ နိုင်ငံများသည် MSME လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး စီးပွားရေးဦးမော့လာကြသည်။ ထို့ကြောင့် အဓိကကျသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
Oct 27, 2023
ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အကျယ်လောင်ဆုံး ထုတ်ဖော်ပြောဆိုနေကြသည့်နိုင်ငံများမှာ အတိတ်ကာလက ကမ္ဘာတစ်ခွင်နယ်ချဲ့ဝါဒဖြင့် လွတ်လပ်သည့်နိုင်ငံများကို ကျူးကျော်သိမ်းပိုက်ခဲ့ကြသည့် ကိုလိုနီအင်ပါယာရှင် နိုင်ငံဟောင်းများ၊ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်ခဲ့သည့် နိုင်ငံများသာဖြစ်ကြသည်ကို တွေ့ရှိနိုင်သည်။ ထို့အပြင် အဆိုပါနိုင်ငံများသည် လူ့အခွင့်အရေးဟူသောခေါင်းစဉ်ကို လက်နက်သဖွယ်စွဲကိုင်၍ အုပ်စုဖွဲ့လှုပ်ရှားကာ ၎င်းတို့လိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး၊ ၎င်းတို့မလိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုးဟူ၍ စံနှစ်မျိုးကိုလည်း ခွဲခြားကျင့်သုံးကြသေးသည်။
Oct 26, 2023
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေသည့် အနုသုခုမပညာရပ်များအား ထုတ်ဖော်ပြသယှဉ်ပြိုင်ကြသည့် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါ ဂုဏ်ယူဖွယ်ရာ အခင်းအကျင်းများဖြင့် အောင်မြင်စွာကျင်းပနေပြီဖြစ်သည်။
Oct 26, 2023
နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်သည် ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု ရက်သတ္တပတ်ဖြစ်သည်ဟု ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က သတ်မှတ်ထားသည်။ ၁၇ ရာစုတွင် ပေါ်ပေါက်လာခဲ့သော သတင်းစာများမှသည် ရေဒီယို၊ ရုပ်မြင်သံကြားအစရှိသော အများပြည်သူထံ သတင်းအချက်အလက်ဖြန့်ချိပေးသည့် နည်းလမ်းများသည်လည်း မီဒီယာများပင်ဖြစ်သည့်တိုင် အင်တာနက်ခေတ်သို့ရောက်မှ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု (Media and Information Literacy)က ကမ္ဘာနှင့်ချီ၍ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။
Oct 25, 2023
လူတို့သည် မိမိနိုင်ငံ၊ မိမိပတ်ဝန်းကျင်မှ ဖြစ်ပေါ်တိုးတက်မှုများကိုသိလိုကြသည်။ သတင်းဟူသည် လူတို့အတွက်အာဟာရတစ်မျိုး။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်း သတင်းဟုဆိုသည်။ လူတို့၏သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်းသိလိုကြသည်။ ကောင်းသတင်းအသိသည် လူတို့၏ဦးနှောက်အသိပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ မြော်မြင်ဉာဏ်အတွက် အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့်ကျင်ဘက်အားဖြစ်သည်။
Oct 25, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်‌ရေးဟူသော စီးပွားရေးဦးတည်ချက်တစ်ရပ်လည်းပါဝင်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံ့လူဦးရေ၏သုံးပုံနှစ်ပုံခန့်က တိုက်ရိုက်အားဖြင့်လည်းကောင်း၊ ဆက်စပ်၍လည်းကောင်း ပါဝင်ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍများဖြစ်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားကိုအထောက်အကူပြုနိုင်မည့်အပြင် ကျေးလက်ပြည်သူများ၏ လူမှုဘဝများကိုလည်း တိုးတက်စေမည်ဖြစ်သည်။
Oct 24, 2023
​​​​​​​မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှုအစဉ်အလာ ကြီးမားသည့်နိုင်ငံဖြစ်သည်ကို မျက်မှောက်ကာလထိတိုင် ရှင်သန်နေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင် ပြုမူနေထိုင်မှုများက သက်သေပြနေသည်။ မျက်မှောက်ကမ္ဘာတွင် နည်းပညာနှင့် ခေတ်ပေါ်ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်တိုးတက်ဖြစ်ထွန်းနေသော်လည်း ရှေးရိုးအစဉ်အလာယဉ်ကျေးမှု ဓလေ့စရိုက်များကို မပစ်ပယ်ဘဲ စွဲမြဲလက်ခံနေဆဲ၊ တန်ဖိုးထားနေဆဲနိုင်ငံမှာ မြန်မာတစ်နိုင်ငံတည်းသာဟု ဂုဏ်ပြုဆိုချင်ပါသည်။
Oct 24, 2023
​​​​​​​သီဆို၊ ကခုန်၊ တီးမှုတ်ကြသည့် ယဉ်ကျေးမှုအလေ့အထများက လူသားတို့၏ သမိုင်းအစမှာပင် ရှိခဲ့လိမ့်မည်ဟု ပညာရှင်တို့က အနုမာနအားဖြင့် မှန်းဆကြသည်။ စာပေအက္ခရာ အရေးအသားတို့ ပေါ်ပေါက်လာသည့်အခါတွင် ရေးဖွဲ့ခြင်းအနုပညာလည်း ပေါ်ထွန်းလာသည်။ မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးတို့နှင့် စပ်လျဉ်း၍ အစောဆုံးအထောက်အထားများကို ပျူခေတ်တွင် တွေ့ရှိရခြင်းဖြစ်သည့်အတွက် သီဆို၊ ကခုန်၊ တီးမှုတ်ခြင်း ယဉ်ကျေးမှုတို့ ယင်းထက်စော၍ တည်ရှိနေပြီဟု ဆိုနိုင်သည်။
Oct 23, 2023
ဘာသာတရားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများ ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံအေးချမ်းသာယာဝပြောလျက်ရှိသည်။ ကောင်းမြတ်သည့် ဘာသာတရား၏ အဆုံးအမညွှန်ပြမှုများနှင့် အစဉ်အလာယဉ်ကျေးမှုတို့သည် တိုင်းရင်းသားလူမျိုး အစုအဖွဲ့အသီးသီးတွင် ကိုယ်စီရှိကြသည်။ အဆိုပါအစဉ်အလာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊ ကိုင်းညွတ်ခြင်း၊ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်းတို့ ပြည့်လျှံနေသဖြင့် အေးချမ်းသာယာ ချမ်းမြေ့ပျော်ရွှင်မှုများ ပြည့်စုံသည့်နိုင်ငံဟု ဆိုနိုင်သည်။