Skip to main content
Nov 11, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုးကို နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း စိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယင်းတို့တွင် စက်မှုကုန်ကြမ်းသီးနှံပင် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခု၌ ဧက ၁ ဒသမ ၆၄ သန်းစိုက်ပျိုးပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိသည်။
Nov 11, 2023
မိုးလတို့ကုန်ဆုံး၍ ခြေခင်းလက်ခင်းသာသည့် ဤရာသီတွင် နိုင်ငံတစ်ဝန်း၌ ကထိန်ပွဲကို ခင်းကျင်းကြသည်။ အတိအကျအားဖြင့်ဆိုလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ကထိန်ပွဲရာသီဖြစ်ပြီး ချိန်ခါရာသီမရွေး ကျင်းပချင်တိုင်း ကျင်းပ၍မရသောပွဲလည်းဖြစ်သည်။ ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် မြတ်ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး မြတ်စွာဘုရားသက်တော် ၇၂ နှစ်၊ ဝါတော် ၃၇ ဝါ နောက်ပိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကထိန်ကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
Nov 10, 2023
လတ်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖြစ်စဉ်များနှင့် ဆက်စပ်လျက်ရှိသည့် အခြေအနေများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့ပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Nov 10, 2023
ရော်ဘာသည် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေး အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်တွင် တတိယအရေးပါဆုံးသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆ သိန်းကျော် ရှိနေသော်လည်း အထွက်နှုန်းနှင့် အရည်အသွေးတို့ ကောင်းမွန်ရေး၊ တိုးချဲ့စိုက်ပျိုးရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေးတိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေ‌ရေးဟူသော ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ်-၂၀၂၃”က မြန်မာ့ရော်ဘာကဏ္ဍတစ်ခုလုံးအတွက် အရေးပါသည့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်မိသည်။
Nov 09, 2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာဖြင့် တစ်သားတည်းနေထိုင်လာခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ဆုံးရှုံးခဲ့ရသည့်လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဆင်နွှဲပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် လွတ်လပ်သော နိုင်ငံတော်ကို ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ဖော်ဆောင်ကျင့်သုံးခဲ့သည်။
Nov 09, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ၏ ပုံရိပ်များက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို စိုးရိမ်ပူပန်မှုတို့ဖြစ်ပေါ်စေသည်။ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည့် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း တည်ဆောက်ခဲ့သမျှ၊ ဖွံ့ဖြိုးခဲ့သမျှတို့ကို တဒင်္ဂမျှအတွင်း ဖျက်ဆီးခဲ့ကြသလို ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများမှာလည်း အချိန်တိုအတွင်း ပျက်စီးခဲ့ကြရသည်။ အဓိက လက်သည်တရားခံများမှာ MNDAA နှင့် TNLA တို့ဖြစ်ကြပြီး KIA ၊ AA နှင့် PDF တို့လည်း ပူးပေါင်းပါဝင်လျက် အလုံးအရင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
Nov 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟု ချမှတ်ထားသည့်အတိုင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေရောက်ရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 08, 2023
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သော “တိုင်းပြည် သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” တို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရည်မှန်းချက်နှင့်အညီ အောင်မြင်ရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။
Nov 07, 2023
မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဘက်ရှိ နတ်မြစ်ဝမှ တောင်ဘက်ကော့သောင်းမြို့ ဘုရင့်နောင်အငူအထိ ၁၃၄၈ မိုင် ရှည်လျားသည်။ မြန်မာ့ပင်လယ်ပြင်ပိုင်နက်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့၏ အစိတ်အပိုင်းများပါဝင်ပြီး ရေပြင် ဧရိယာစတုရန်းမိုင် ၁၄၄၉၁၂ ရှိသည်။ မြန်မာ့ပင်လယ်ပိုင်နက်နယ်နိမိတ်အတွင်း ကျွန်းပေါင်း ၁၄၀၀ ကျော် တည်ရှိနေပြီး အမျိုးသား အကျိုးစီးပွားအတွက် အရေးပါသည့် စွမ်းအင်အရင်းအမြစ် များနှင့် ငါး ပုစွန် သယံဇာတများလည်း ပေါကြွယ်ဝသည်။
Nov 07, 2023
တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် သွားလာလုပ်ကိုင်နိုင်ရန်အတွက် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်း နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် တည်ဆောက်ပေးထားသည်။ တိုင်းရင်းသားပြည်သူများမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် သွားလာလုပ်ကိုင်နိုင်ကြသည်။