Skip to main content
Mar 25, 2024
တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက်၊ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းအကုန်နွေအကူးကာလလည်း ဖြစ်သည်။ တပေါင်းလတွင် ပထမလဝက်သည် ဆောင်းဖြစ်ပြီး ဒုတိယလဝက်သည် နွေတွင်ကျရောက်လျက် ရာသီအကူးအပြောင်းနှင့်အတူ တောတောင်ရေမြေသဘာဝတို့ လွန်စွာသာယာလှပသည့်အလျောက် “တပေါင်းသာခေါင် လများနောင်” ဟုပင် ဆိုသည်။ တပေါင်းလ၏ သာယာလှပမှုမှာ လတကာတို့ထက် သာလွန်ကာ အထွတ်အထိပ်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။
Mar 24, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ အားကောင်းလာရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများအများစုရှိသော်လည်း ပြည်ပသွင်းကုန်များကို ဦးစားပေးသောကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသည်။
Mar 24, 2024
တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့်ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီရောဂါကူးစက်ခံထားရပြီဖြစ်သည်။ တီဘီသည် ကြိုတင်ကာကွယ်ကုသ၍ရသည့် ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းတွင် တီဘီနှင့် ဆက်စပ်ရောဂါတို့ကြောင့် တစ်နှစ်လျှင် ပျမ်းမျှလူတစ်သန်းခွဲခန့် အသက်ဆုံးရှုံးနေကြရသည်ဟု ဆိုသည်။ ကမ္ဘာတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှု၏ ၄၃ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှဒေသတွင် ဖြစ်သည်ဟုလည်း ဆိုသည်။
Mar 23, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့အရေးကိုအလေးထားပြီး နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိပြီး ဦးတည်ချက်များကိုလည်း အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ဘက်ပေါင်းစုံ၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Mar 23, 2024
ကမ္ဘာ့အလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပိုင်နက်နယ်နိမိတ်၊ ပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ ပြည့်စုံရန်လိုအပ်သည်။ အဆိုပါ အင်္ဂါ(၄)ရပ် ပြည့်စုံမှသာ နိုင်ငံ၏ဥပဓိရုပ်ပြည့်စုံသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှသည် မျက်မှောက်ကာလတိုင်အောင် ဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်ကြိုးပမ်းကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့အတွက် နိုင်ငံသည် အသက်နှင့်ထပ်တူ အရေးပါသည်ကို အဆိုပါ ဖြစ်ရပ်တွင် သင်ခန်းစာယူဖွယ် တွေ့ရှိနိုင်သည်။
Mar 22, 2024
“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဟု ဆိုရိုးစကားရှိပါသည်။ ရေ၏တန်ဖိုးနှင့် အရေးတကြီးအသုံးဝင်ပုံကို အသိပေးထားခြင်းဖြစ်ပါသည်။ လူသည် ထမင်းခုနစ်ရက်မစားရသော်လည်း သန့်စင်သောရေကို သောက်သုံးရလျှင် အသက်ရှင်သန်နိုင်သလို ရေတစ်ရက် မသောက်သုံးရဘဲနေရပါက အားအင်ကုန်ခန်းပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်ကို သတိပေးထားခြင်းဖြစ်ပါသည်။
Mar 22, 2024
ယနေ့ (မတ်လ ၂၂ ရက်) သည် ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲမကျရောက်‌စေရေး၊ ရေကိုစနစ်တကျ သုံးစွဲကြစေရေး၊ သန့်ရှင်းသည့်သောက်သုံးရေနှင့် မိလ္လာစနစ်တို့မရရှိသူများအတွက် အလေးထားဖြေရှင်းပေးရေးနှင့် ရေ၏အရေးပါမှုကို လူသားတို့ဂရုပြုလာကြစေရေးဟူသည့် ရည်ရွယ်ချက်များဖြင့်ကျင်းပသည့် “ကမ္ဘာ့ရေနေ့ (World Water Day)” ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့သည့် ကမ္ဘာ့ရေနေ့၏ ယခုနှစ်အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ငြိမ်းချမ်း သာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး (Leveraging Water for Peace)”ဟူ၍ ဖြစ်သည်။
Mar 21, 2024
လူတို့အသက်ရှည်ကျန်းမာရေးအတွက် သန့်ရှင်းသောလေ၊ သန့််ရှင်းသောရေ အပြည့်အဝရရှိရန်လိုအပ်သည်။ သန့်ရှင်းသောလေကို နေ့စဉ်ရှူရှိုက်ပြီး သန့်ရှင်းသော ရေကို နေ့စဉ်ပြည့်ပြည့်ဝဝ သောက်သုံးနိုင်ပါမှ သက်ရှည်ကျန်းမာသော လူ့ဘဝကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ သို့သော် မြို့ပြများတွင် လူဦးရေထူထပ်လာမှု၊ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမှုတို့ကြောင့် သန့််ရှင်းသောလေနှင့်ရေကို အပြည့်အဝရရှိနိုင်ရန်မှာ ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။
Mar 21, 2024
ကမ္ဘာတစ်ဝန်းလုံးရှိ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့နိုင်ငံတွင်လည်း လူငယ်ထုအတွင်း ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို ကျရောက်စေနိုင်သည့်အပြင် နိုင်ငံ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး၏ အစီရင်ခံစာတစ်ရပ်ကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုတိုးလာကြောင်း ပြည်ပသတင်းဌာနအချို့က သတင်းများ ဖော်ပြခဲ့ကြသည်။
Mar 20, 2024
​​​​​​​လူတို့လက်၏ လက်ချောင်းငါးချောင်းသည် အရှည်အတို၊ အရွယ်အစား၊ သဘော သဘာဝတို့အလိုက် တစ်ချောင်းနှင့်တစ်ချောင်း မတူညီကြပေ။ သို့သော် လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်ရာတွင် လက်ချောင်းငါးချောင်းစလုံးသည် သူ့တာဝန်နှင့်သူ တပေါင်းတစည်းတည်း ပေါင်းစုလုပ်ကိုင်ကြသည်။ အလိုရှိရာ ကိစ္စအဝဝတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြသည်။ မတူကွဲပြားသော်လည်း စည်းလုံးခြင်းသဘောဖြစ်သည်။