Skip to main content
Feb 19, 2024
သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်၊ မတရားသဖြင့်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ပြုကျင့်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကို ချိုးဖောက်သော ဒုစရိုက်အမှုများဖြစ်သည်။ ဒုစရိုက်မှုများသည်နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသည်။
Feb 19, 2024
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်နိုင်ငံဆက်ဆံရေးမှာလည်း နှစ်ပေါင်းထောင်ချီနေသည့် သက်တမ်းရှိသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ရာတွင် မြန်မာနိုင်ငံသည် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သကဲ့သို့ အဆိုပါအချိန်ကတည်းကပင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက်ထောက်ခံခဲ့သည့်နိုင်ငံလည်း ဖြစ်သည်။
Feb 18, 2024
နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”နှင့်“ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ကို ချမှတ်ထားသည်။
Feb 18, 2024
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် နိုင်ငံ့လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းကို မြင့်မားလာစေရန်လည်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်အတွက် ဖြစ်သည်။
Feb 17, 2024
လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏တန်ဖိုးထားမှုစနစ်နှင့် စံများ (Value System and Norms) က လူတို့၏အပြုအမူများအပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟု ပညာရှင်များကဆိုသည်။ လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများကလက်ခံထားသော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည်အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည်ကို ဆိုခြင်းလည်းဖြစ်သည်။
Feb 17, 2024
မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သက်တမ်းနှစ်ကြိမ် ဖြတ်သန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
Feb 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Feb 16, 2024
ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများစု သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင် လူမှုကွန်ရက်များက အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်းကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။
Feb 15, 2024
မြန်မာနိုင်ငံတွင် အများပြည်သူတို့၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ရေရှည်လျှောက်လှမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
Feb 15, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း အသိအမြင်၊ နားလည်မှုလွဲမှားစေရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန် ပြည်ဖျက်မီဒီယာတို့က သွေးထိုးလှုံ့ဆော်မှု၊ သတင်းတု သတင်းမှား ထုတ်လွှင့်မှုတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းပြောကြားမှုများ စဉ်ဆက်မပြတ်ပြုလုပ်၍ အများပြည်သူမှန်ကန်စွာသိနားလည်လာစေရန် ဆောင်ရွက်နေရသည်။ မမှန်မကန်ဝေဖန်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့သောပြည်သူလူထုကြားထဲတွင် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လျက်ရှိသော်လည်း အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီစွာ စတင်အာဏာသက်ဝင်လာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား အနယ်နယ်အရပ်ရပ်မှ ပြည်သူများက တစ်ခဲနက်ဆန္ဒထုတ်ဖော်ကြိုဆိုထောက်ခံနေကြသည့် မြင်ကွင်းများကို တွေ့ရသည်။