Aug 21, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2023
ကမ္ဘာနှင့်အဝန်း ပြောင်းလဲလာသော ရာသီဥတုဖြစ်စဉ်များကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းလာလျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှုမရှိစေရန် ဖြစ်နိုင်စွမ်းရှိသော ရေရရှိရေးလုပ်ငန်းများကို စူးစမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ယမန်နေ့က ဇေယျာသီရိ မြို့နယ် သက်နှင်းအင်းကျေးရွာအနီး ပြွန်သုံးလုံးရှေ့တန်းစခန်းတွင် ရေဆင်းဆည်ရေသောက် ရေအသုံးချသူများအဖွဲ့ (WUG) ခေါင်းဆောင်များနှင့် တွေဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။
Aug 21, 2023
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။
Aug 21, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးလျက်ရှိသော စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်းမနား)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ကူမင်းမြို့ရှိ (Yunnan Baiyao) ယူနန်တိုင်းရင်းဆေးစက်ရုံသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်လေ့လာရာ စက်ရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လိုက်လံရှင်းလင်းပြသသည်။
Aug 21, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ ရဟန်းရှင်လူပြည်သူများအား ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့သည်။
Aug 21, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးတည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်ကာလက တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ဩဂုတ် ၁၄ ရက်တွင် ဖွင့်လှစ်လိုက်သည်။ အဆိုပါအထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်သည့် ရုရှား-မြန်မာသံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်း၊ ရုရှားနှင့်မြန်မာတို့ပူးပေါင်းကာ ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Aug 20, 2023
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
Aug 20, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 20, 2023
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိပါသည်။
Aug 20, 2023
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား(၇)မျိုး (အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း) တို့အား ရောင်းဝယ်ရန် ခွင့်ပြုထားပါသည်။
Aug 20, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော်ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်ပွဲကို ဩဂုတ် ၁၄ ရက်တွင် ကျင်းပပြုလုပ်သည်။
Aug 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၈-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၈၅) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း မှာ (၀.၀၆) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Aug 20, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထား သည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 20, 2023
လာမည့်ပွင့်လင်းရာသီတွင် ကချင်ပြည်နယ်ရှိရေခဲတောင်တက်ခရီးစဉ်ကိုသွားရောက်လိုသည့် ပြည်တွင်းခရီးသွားများများပြားနေပြီး ယခုဩဂုတ်လကတည်းက ကြိုတင်စာရင်းပေးထား သူများပြား နေကြောင်း ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်ထံမှသိရသည်။
Aug 20, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ် မြောက်တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ စတုတ္ထနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြခန်းဆောင်၌ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက မြန်မာနိုင်ငံ၏သမိုင်းကြောင်း၊ လှပသောသဘာဝရှုခင်းများနှင့် မြန်မာ့ထွက်ကုန် ပစ္စည်းများအကြောင်းကို မိတ်ဆက်ပြောကြားပြီး ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ ကြည့်ရှုသူပရိသတ်များ၊ ပြခန်းဆောင် အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများ ကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။
Aug 20, 2023
၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးအတွက် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသော ပြိုင်ပွဲအဆင့်နှင့် ဘာသာရပ်များ
Aug 20, 2023
ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နေပြည် တော် ရုံးအမှတ်(၅၅)တွင် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်အမှာ စကားပြောကြားသည်။
