Skip to main content

ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

နေပြည်တော် ဒီဇင်ဘာလ ၁၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် အမိုးဒိုင်းသံချောင်း (Lip Channel) (၁၀၀)တန်၊ သံချောင်းလုံး (၆၂၀.၅၄)တန်၊ (၁၀)ပေ ခေါင်အုပ်သွပ် (၁၇,၇၀၀) ချပ်၊ ထရန်စဖော်မာ (၄)လုံး၊ ဘိလပ်မြေ ဖျော်စက် (၄) လုံး၊ အမိုးချိတ် (၁၅၀,၀၀၀) ချောင်းနှင့် သစ်ခွဲသား (၁၆၄၀.၀၉) တန် အပါအဝင် စုစုပေါင်းတန်ချိန် (၂၄၁၄.၁၄) တင်ဆောင်၍ (၁၂-၁၂-၂၀၂၃) ရက်နေ့၊ (၁၄ : ၀၀) နာရီတွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။