Skip to main content

Aug 17, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူဖူးမြော်နိုင်ရေးခွင့်ပြုပေးခဲ့သည့် ကိုးရက်မြောက်နေ့ဖြစ်သော ဩဂုတ် ၁၆ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားလျက်ရှိကာ ယင်းသို့လာရောက်သည့် ဘုရားဖူးပြည်သူများအနက်မှ တချို့အားတန်ခိုးတော်ကြီးမားသည့် ရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုရခြင်းကြောင့်ရရှိလာသော ဝမ်းသာကြည်နူးပီတိဖြစ်မှုများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဩဂုတ်၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ နဝမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၆ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်ရှိ သဒ္ဓါကြည်ဖြူ အိတ်မျိုးစုံချုပ်လုပ်ငန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်ပထုတ်ကုန်များအစား ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲခြင်းအပြင် နိုင်ငံတကာအဆင့်မီသော အိတ်များချုပ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးစားသွားကြရန်နှင့် MSME အသင်း အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ၏ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်နှင့် ဧရာရွှေဝါ ဓမ္မဘဏ္ဍာဂါရပိဋကတ်တိုက်ကျောင်းဆောင်အတွင်းရှိ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ပိဋကတ်ဆိုင်ရာပါဠိစာပေများ ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အရာထမ်း/အမှုထမ်းများအတွက် ၂၀၂၃ ခုနှစ် အခြေခံရုံးလုပ်ငန်းသင်တန်း (ပထမအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာ‌စေရန် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပညာ‌‌ရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၀) ဖြင့်ဆောင်ရွက်သော MSME စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များထံ နည်းပညာများဖြန့်ဝေရေး အစီအစဉ်(၁) သင်တန်းများကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဆက်လက်ပို့ချဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Dianchi Lake International Con-vention and Exhibition Centre ၌ ဩဂုတ် ၁၆ ရက် တွင် ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ် - တောင် အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ (7th China-South Asia Exposition and the 27th China Ku- mming Export and Import Fair) သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်းများသည် အရေးပါသည့်ကဏ္ဍများဖြစ်သည်။ “စက်မှုစွမ်းအား ခေတ်ကျော်လွှား”ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများမှ ပြည်တွင်း၌ လိုအပ်သည့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များလျှော့ချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုများ လျော့နည်းသက်သာပြီး တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 17, 2023

(၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS-2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဩဂုတ် ၁၅ ရက်ကကျင်းပရာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခြောက်ခုတို့မှ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ မျက်နှာစုံညီအစည်းအဝေး အစီအစဉ်သုံးရပ်၏ ဒုတိယပိုင်းတွင် “အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေး” ခေါင်းစဉ်ဖြင့် အစည်းအဝေးပါရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏စည်းလုံးညီညွတ်မှု”နှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးသည့် မိန့်ခွန်း Video Message ပေးပို့၍ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိစဉ်ခရီးစဉ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက် ပင်မကျောင်းဆောင်နှင့် ကျောင်းတိုက်အတွင်းရှိ သကျမုနိဘုရားကြီး သိမ်တော်တို့အား မူလလက်ရာအတိုင်း ရှေးမူမပျက် အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် လမ်းညွှန်မှာကြားချက်အရ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ရပ်မိ/ရပ်ဖများနှင်အတူ အဆိုပါ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇောတိပါလအား ဖူးမြှော်ကြည်ညိုကန်တော့ပြီး ပင်မကျောင်းဆောင်နှင့် သကျမုနိဘုရားသိမ်တော်ကြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးလျှောက်ထားတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်