Sep 15, 2023
အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ Mr. Lan Tianli နှင့် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
Sep 15, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် အကြိမ်(၂၀)မြောက် တရုတ် - အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့်ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. OU YANG daobing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်ကြသည်။
Sep 15, 2023
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာ ၁၂ ရက် ညပိုင်းတွင်ရောက်ရှိရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
Sep 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် ရှေးဟောင်းသမိုင်းဝင် စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်ပြီး ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Sep 15, 2023
ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။
Sep 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လားရှိုးတက္ကသိုလ်၌ အဆင့်မြင့်ပညာဦးစီးဌာနမှ ဆရာဆရာမများနှင့် တွေ့ဆုံသည်။
Sep 15, 2023
NGO/INGOများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max၊ Kumudra Ballroom ၌ ကျင်းပရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 15, 2023
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီး ချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC)ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်း၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Sep 15, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Sep 15, 2023
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ(၂၇)အရ “နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်”၊ ပုဒ်မ (၃၃) အရ “နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”၊ ပုဒ်မ၃၉၀(က)အရ “အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” အချက်တို့ပါရှိသည်။
Sep 15, 2023
မကြာသေးမီရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မတော်တဆမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အလုပ်ရှင်ကဆေးရုံသို့ မပို့ပေးဘဲ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း လူမှုကွန်ရက်သတင်းများ၌ တွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်လျက်ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ် သမားအရေအတွက်ကို သုံးသန်းမှငါးသန်းခန့်အထိ ခန့်မှန်းကြပြီး သေချာသည့်အချက်မှာ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လုပ်ကိုင်နေသူများက အများစုဖြစ်နေခြင်းပင်ဖြစ်သည်။ အထက်ဖော်ပြပါဖြစ်စဉ်၌ သေဆုံးခဲ့သူမြန်မာရွှေ့ပြောင်းအလုပ်သမားမှာလည်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားဖြစ်သည်ဟု သတင်းများကဆိုသည်။
Sep 14, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံ 20th ACC သို့တက်ရောက်ခဲ့သည့် အာဆီယံလေတပ်ဦးစီးချုပ်များအား လက်ခံတွေ့ဆုံသည်။
Sep 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗန်းမော်မြို့မှ မိုးညှင်းခရိုင်မိုးညှင်းမြို့သို့ ရောက်ရှိကြသည်။
Sep 14, 2023
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။
Sep 14, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်မြေခံဒေသကွပ်ကဲမှုဌာနချုပ်ခန်းမ၌ တွေ့ဆုံသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၄-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Sep 14, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၃-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၅,၃၄၉)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 14, 2023
လွိုင်ကော် စက်တင်ဘာ ၁၄
ကယားပြည်နယ် ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Sep 14, 2023
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)နှင့် မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာတွင် ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
