Skip to main content

Sep 13, 2023

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများက လာရောက်ဖူးမြော်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၅,၅၁၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်း ခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများ၏ Internet ပေါ်က စာမျက်နှာများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ မြန်မာစာ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေးအတွက် နေပြည်တော် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်း(စံပြ)ကျေးရွာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ၊ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် (၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့်

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ တွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှတင်သွင်းလာသော AIMA အမျိုးအစားလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးရောဂါစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပိုးမွေးတောင်သူများသို့ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ မိမျိုးဘမျိုး ၂၈ မျိုး၊ နိုင်ငံခြားပိုးမျိုး ၄၄ မျိုးနှင့် အရိုင်းစပ်မျိုးသစ် ၁၇ မျိုးတို့ကို မပျောက်ပျက်စေရန် နှစ်စဉ်ထိန်းသိမ်း စုဆောင်းထားရှိမှု၊ ပိုးစာမျိုးစပ်ခြင်း၊ ပိုးမျိုးများ မျိုးစပ်ခြင်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၆ ရက်ကကျင်းပသော ASEAN Indo Pacific Forum ၏ Business Matching သို့ မြန်မာ၊ ဘရူနိုင်း၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန် Project Proposal Presentation များ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Academy for International Business Off-icials (AIBO) တို့ ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၅ နာရီက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်