Nov 06, 2023
လူထုအခြေပြု ပရဟိတအဖွဲ့က ကြီးမှူးကျင်းပသည့် မိုခါမုန်တိုင်းသင့် ပြန်လည်ထူထောင်ရေးတွင် ကူညီလှူဒါန်းခဲ့ကြသော အလှူရှင်များ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ရန်ပုံငွေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Heart of Rangoon (THOR) ၌ ကျင်းပသည်။
Nov 06, 2023
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် ကုန်သွယ်ရေးရုံးတို့ ပူးပေါင်းကျင်းပသော “ဗမာ - ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃” (Bamar - Vietnam Trade Fair 2023) ကို ရန်ကုန်မြို့ Junction City Promotion Area တွင် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ စည်ကားစွာ ကျင်းပခဲ့သည်။
Nov 06, 2023
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၃) ကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
Nov 06, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသို့ နိုဝင်ဘာ ၄ ရက်တွင် လာရောက်လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အလားတူ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ရုရှားစစ်ရေယာဉ်များသို့ သွားရောက်လေ့လာရာ ရုရှားစစ်ရေယာဉ်များမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍ ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။
Nov 06, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ-တရုတ်ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပေါင်စန်းဒေသတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးသည်။
Nov 06, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီများ သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေးနေမှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး (ယာပုံ) လိုအပ်သည်များ မှာကြားသည်။
Nov 06, 2023
သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမ အသင်းမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Nov 06, 2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း(အပေါ်ပုံ) မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
Nov 06, 2023
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက် အမှာစကားပြောကြားသည်။
Nov 06, 2023
ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်လာသော အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ အများပြည်သူ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ကြသည်။ အစိုးရက မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ ပြည်သူများကလည်း စောင့်စည်းရမည့် ကျင့်ဝတ်စည်းကမ်းများဖြင့် နေထိုင်လုပ်ကိုင်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရသည်။ ထိုလူ့အဖွဲ့အစည်းသည် စည်ပင်သာယာ၍ ထွန်းကားတိုးတက်မည်သာဖြစ်သည်။
Nov 06, 2023
မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည့် နောက်ဆုံးစစ်ပွဲဖြစ်သော အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို သမိုင်းဆရာအချို့က “စစ်ပွဲဟုအမည်မတပ်သင့်သောစစ်ပွဲ”ဟု ဆိုကြသည်။ သီတင်းနှစ်ပတ်ပင် မပြည့်သောထိုစစ်ပွဲတွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှတို့၏သင်္ဘောများမှာ ခုခံတိုက်ခိုက်မှုအနည်းငယ်မျှကိုသာ တွေ့ကြုံခဲ့ကြရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြသည်။ သီပေါဘုရင်နှင့်မိသားစုကို နိုဝင်ဘာ ၂၉ ရက်တွင် သင်္ဘောဖြင့်ရန်ကုန်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သည့် နန်းတော်တွင်းအခြေအနေနှင့် မြင်ကွင်းများမှာ ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာနိုင်လှပြီး ကမ္ဘာအရပ်ရပ်တွင် ကျူးကျော်မှုအတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်သည့် ဗြိတိသျှတပ်များကပင် အခြေအနေကို ရှုပ်ထွေးအောင်ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
Nov 05, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
