Nov 07, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၂) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Nov 07, 2023
စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 07, 2023
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကကြီးမှူး၍ တရုတ်နိုင်ငံ Chongqing မြို့၌ ကျင်းပသည့် “The Belt and Road Conference on Science and Technology Exchange” ဖွင့်ပွဲအခမ်းအနားသို့ ဒေသတွင်းသိပ္ပံနှင့် နည်းပညာဝန်ကြီးများနှင့်အတူ တက်ရောက်သည်။
Nov 07, 2023
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများဆိုင်ရာ လက်တွေ့ အသုံးချမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။
Nov 07, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲတိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
Nov 07, 2023
ယနေ့ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ် နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။
Nov 07, 2023
၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို ၇-၁၁-၂၀၂၃ ရက်မှစတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ Website (www.moh.gov.mm), Facebook Page (Ministry of Health, Myanmar)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာထားမည်ဖြစ်ပါသည်။
Nov 07, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန်း မြို့၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပမည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit] သို့ တက်ရောက်ရန် ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဝူကျန်းမြို့သို့ ထွက်ခွာသွားသည်။
Nov 07, 2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် ပထမအကြိမ် မြန်မာ- ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MYANMAR-RUSSIA MARITIME SECURITY EXERCISE (MARUMEX) ပြုလုပ်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
Nov 07, 2023
မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဘက်ရှိ နတ်မြစ်ဝမှ တောင်ဘက်ကော့သောင်းမြို့ ဘုရင့်နောင်အငူအထိ ၁၃၄၈ မိုင် ရှည်လျားသည်။ မြန်မာ့ပင်လယ်ပြင်ပိုင်နက်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့၏ အစိတ်အပိုင်းများပါဝင်ပြီး ရေပြင် ဧရိယာစတုရန်းမိုင် ၁၄၄၉၁၂ ရှိသည်။ မြန်မာ့ပင်လယ်ပိုင်နက်နယ်နိမိတ်အတွင်း ကျွန်းပေါင်း ၁၄၀၀ ကျော် တည်ရှိနေပြီး အမျိုးသား အကျိုးစီးပွားအတွက် အရေးပါသည့် စွမ်းအင်အရင်းအမြစ် များနှင့် ငါး ပုစွန် သယံဇာတများလည်း ပေါကြွယ်ဝသည်။
Nov 07, 2023
တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် သွားလာလုပ်ကိုင်နိုင်ရန်အတွက် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက လမ်းပန်း ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်း နယ်စပ်ဒေသများပါမကျန် ဖြန့်ကြက် တည်ဆောက်ပေးထားသည်။ တိုင်းရင်းသားပြည်သူများမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် သွားလာလုပ်ကိုင်နိုင်ကြသည်။
Nov 06, 2023
ကရင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့နယ်၊ ထောင်ဝိကွင်း၌ကျင်းပသော ဆောင်းဆီထွက်သီးနှံနေကြာမျိုးစေ့၊ မြေဩဇာများပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ အခမ်း အနားသို့တက်ရောက်ခဲ့ကြသည်။
Nov 06, 2023
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားရေတပ် ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Nov 06, 2023
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် နိုဝင်ဘာ ၄ ရက် ညပိုင်း၌ Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ် ဦးစီးချုပ်တို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာ ကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြသည်။
Nov 06, 2023
မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာ− ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှား ရေတပ်သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr.Iskandar Azizov၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Nov 06, 2023
၂၀၂၃ ခုနှစ်၊ အကြိမ်(၆၀)မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
Nov 06, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ
Nov 06, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
Nov 06, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ်၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၅၈/၂၀၂၂ (ကရင်)၊ ၅/၂၀၂၃ (ရန်ကုန်)၊ ၁၆/၂၀၂၃ (ရန်ကုန်) နှင့် ၂၇/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။
Nov 06, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။
