Nov 06, 2023
ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်လာသော အစိုးရတစ်ရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ အများပြည်သူ အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ကြသည်။ အစိုးရက မူဝါဒ၊ လုပ်ငန်းစဉ်များချမှတ်ပေးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ ပြည်သူများကလည်း စောင့်စည်းရမည့် ကျင့်ဝတ်စည်းကမ်းများဖြင့် နေထိုင်လုပ်ကိုင်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရသည်။ ထိုလူ့အဖွဲ့အစည်းသည် စည်ပင်သာယာ၍ ထွန်းကားတိုးတက်မည်သာဖြစ်သည်။
Nov 06, 2023
မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည့် နောက်ဆုံးစစ်ပွဲဖြစ်သော အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကို သမိုင်းဆရာအချို့က “စစ်ပွဲဟုအမည်မတပ်သင့်သောစစ်ပွဲ”ဟု ဆိုကြသည်။ သီတင်းနှစ်ပတ်ပင် မပြည့်သောထိုစစ်ပွဲတွင် ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှတို့၏သင်္ဘောများမှာ ခုခံတိုက်ခိုက်မှုအနည်းငယ်မျှကိုသာ တွေ့ကြုံခဲ့ကြရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြသည်။ သီပေါဘုရင်နှင့်မိသားစုကို နိုဝင်ဘာ ၂၉ ရက်တွင် သင်္ဘောဖြင့်ရန်ကုန်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သည့် နန်းတော်တွင်းအခြေအနေနှင့် မြင်ကွင်းများမှာ ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာနိုင်လှပြီး ကမ္ဘာအရပ်ရပ်တွင် ကျူးကျော်မှုအတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်သည့် ဗြိတိသျှတပ်များကပင် အခြေအနေကို ရှုပ်ထွေးအောင်ဖန်တီးထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
Nov 05, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 05, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးရွာ၌ အခြေပြု၍ ဒေသခံပြည်သူ ၁၂၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 05, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၄-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၈၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၆) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Nov 05, 2023
၁။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်ပါသည်။
Nov 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်တွင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့အနက် ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်နေမှုများနှင့် ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး နည်းပညာများ လေ့ကျင့်သင်ကြားပေးနေသူ ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ ဝါးလက်မှု ဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
Nov 05, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့ နယ်အတွင်း၌ တရားမဝင် အခြားသစ် ၂ ဒသမ ၃၉၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈၀၂၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 05, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များ ဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်း သာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။
Nov 05, 2023
မြန်မာ-ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ယမန်နေ့ညက တင်ဆက်ခဲ့သည့် “မြန်မာ-ကိုရီးယား ခေတ်ပေါ် တေးဂီတဖျော်ဖြေပွဲ”(Myanmar - Korea Modern Musical Show) ၌ ဖျော်ဖြေခဲ့ကြသည့် ကိုရီးယားအနုပညာရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ကြသည်။
Nov 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချပြီး စွန့်ပစ်ပစ္စည်းများမှ အရည်အသွေးရှိသည့် ကော်ပစ္စည်းထုတ်ကုန်အမျိုးမျိုးထုတ်လုပ်နေသည့် Kyaw-3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးကျော်ဌေးဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
Nov 05, 2023
မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံ (၂၀၂၃) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
Nov 05, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
Nov 05, 2023
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၅ နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ တက်ရောက်ကြသည်။
Nov 05, 2023
ပညာရေးဝန်ကြီးဌာန ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရစာရင်းများ ထုတ်ပြန်မည်
