Sep 06, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui နှင့် Jin Jiang Hotel ၌ တွေ့ဆုံဆွေးနွေးသည်။
Sep 06, 2025
ဘုရားအလောင်း ဓနဉ္စယမင်းကြီးသည် မင်းနှင့်တကွ ပြည်သူအားလုံး ဂရုဓမ္မသီလကို စောင့်ထိန်းကြရန် ဆုံးမလမ်းညွှန်လေ့ရှိသည်။ ဘုရားအလောင်း လမ်းညွှန်ပြသည့်အတိုင်း ဂရုဓမ္မသီလတော်ကို မင်းနှင့်တကွ ပြည်သူအားလုံး စောင့်ထိန်းကြသောအခါ ကလိင်္ဂတိုင်းအတွင်း မိုးလေဝသမှန်ကန်၍ စားရေရိက္ခာပြည့်စုံလာပြီး နိုင်ငံအတွင်း အေးချမ်းသာယာဝပြောလာသည်။ ဓနဉ္စယမင်းကြီး တိုက်တွန်းချိန်မှာ မိုးတွင်းကာလဖြစ်သဖြင့် ယင်းကိုအကြောင်းပြု၍ မိုးကာလ ဝါတွင်းသုံးလအပါအဝင် တော်သလင်းလအတွက် ဂရုဓမ္မအခါတော်နေ့ကို အစဉ်အလာမပျက် သတ်မှတ်ကျင်းပလေ့ရှိသည်။
Sep 06, 2025
လေထုညစ်ညမ်းမှုကို အသံတိတ်လူသတ်သမားဟု တင်စားကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လေထု ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင်လူဦးရေ ၆ ဒသမ ၇ သန်းခန့် သေဆုံးနေရကြောင်းနှင့် လူဦးရေ ၂၄ သန်းခန့်မှာ အိမ်တွင်း လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟုသိရသည်။ သို့ဖြစ်ရာ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းရှိ လူသားအားလုံး၏ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။
Sep 05, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-
Sep 05, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Sep 05, 2025
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 05, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့်တွေ့ဆုံသည်။
Sep 05, 2025
ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အိမ်မဲမြို့နယ် ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 05, 2025
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Sep 05, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့တွင် ကျင်းပပြုလုပ်သည့် The 2nd Sustainable Maritime Industry Conference (SMIC)-2025 အခမ်းအနားသို့ တက်ရောက်သည်။
Sep 05, 2025
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ဦးတင်ကိုကိုတို့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်ရှိ မြို့မ ရဲစခန်းအချုပ်ခန်း၊ မြို့နယ် တရားရုံးအချုပ်ခန်းနှင့် ကျောက်တန်း ဘိုးဘွားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Sep 05, 2025
(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပထမအကြိမ် အာဆီယံ-အီးယူပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးများအဆင့်ဆွေးနွေးပွဲ၊ တတိယအကြိမ် အာဆီယံ-ဂျပန်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့် (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးများသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေးသည်။
Sep 05, 2025
စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ကြမည့် ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ China Eastern လေကြောင်းဖြင့် ကူမင်းမြို့သို့ ထွက်ခွာသွားကြသည်။
Sep 05, 2025
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်အဖွဲ့အား နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 05, 2025
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 05, 2025
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 05, 2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးသန်းအောင်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးနေမှုကို ကြည့်ရှုပြီး မဲဆန္ဒရှင်များနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
Sep 05, 2025
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရာ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။
Sep 05, 2025
မြန်မာ ၁၂ လ၏ လပြည့်နေ့တိုင်းသည် အခါတော်နေ့များဖြစ်ရာ တော်သလင်းလပြည့်နေ့သည်“ဂရုဓမ္မအခါတော်နေ့” ဖြစ်သည်။ ဂရုဓမ္မဟူသော ပါဠိဝေါဟာရသည် ကုရုဓမ္မမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု အဆိုရှိပြီး အနက်အဓိပ္ပာယ်အားဖြင့် ဂရုဓမ္မဆိုသည်မှာ အလေးအနက်ထား၍ လိုက်နာကျင့်ကြံအပ်သောတရား ဟူ၍လည်းကောင်း၊ ကုရုဓမ္မဆိုသည်မှာ ကုရုတိုင်းသားတို့ လိုက်နာကျင့်ကြံကြသော တရားဟူ၍လည်းကောင်း ဖွင့်ဆိုနိုင်သည်။