Sep 07, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိနေစဉ်အတွင်း ချန်ဒူးမြို့ရှိ Shanghai La ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။
Sep 07, 2025
မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Shangri La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Sep 07, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ တွင် China Southwest Architectural Design and Research Institute Corporation(CSWADI) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
Sep 07, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ စီချွမ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင့်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Sep 07, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်ဖော်ပြသော ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်လာနိုင်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီဖြစ်သည်။
Sep 07, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ အဆိုပါအလုပ်သဘောခရီးစဉ်သတင်းများကို နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်းရှိ တရားဝင်သတင်းမီဒီယာများမှတစ်ဆင့် သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်ရာ အဆိုပါခရီးစဉ်သည် မိမိတို့နိုင်ငံနှင့် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှုအတွက် အလားအလာကောင်းများစွာကို ရရှိနိုင်ခဲ့သည်ဟု သိရှိနားလည်ကြပြီးလည်းဖြစ်သည်။
Sep 06, 2025
တရားမဝင် ကုန်သွယ်တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Sep 06, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Sep 06, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေမန်းတောင်အားကစားကွင်း၊ အောင်မြေမန္တလာအားကစားကွင်းနှင့် ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းတို့၌ အားကစားကွင်းအလိုက် စိမ်းလန်းစိုပြည်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး စနစ်တကျဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းပိုင်း ဆိုင်ရာများကို မှာကြားသည်။
Sep 06, 2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၃၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၂၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
Sep 06, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၃ ရက်က ပဲခူး-စစ်တောင်းတူးမြောင်းသို့ ရေကူပေးရန်တည်ဆောက်ထားသော ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ မိုးယွန်းကြီး ဇွဲဘက်တာကြံ့ခိုင်မှုအခြေအနေ၊ မိုးယွန်းကြီး ရေပိုလွှဲနှင့် မိုးယွန်းကြီး ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 06, 2025
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးကို စက်တင်ဘာ ၃ ရက်မှ ၄ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Sep 06, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Sep 06, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော မန္တလေးမြို့ရှိ ဟိုတယ်လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရေး၊ ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် စီးပွားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနပိုင် ငှားရမ်းဟိုတယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဟိုတယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Sep 06, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Sep 06, 2025
တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာနှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ရှန်ဂရီလာ JEN ဟိုတယ်၌ ကျင်းပသည်။
Sep 06, 2025
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း)သင်တန်းအမှတ်စဉ် (၄၉) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
Sep 06, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
Sep 06, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် Beidahaung Smart Agriculture Exhibition Center သို့ သွားရောက်ကြည့်ရှုလေ့လာသည်။