တမူး ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် နိုင်ငံတော်အစိုးရက Placement Test (အထူးအစီအစဉ်) ဖြင့် Grade-1 မှ Grade-8 အဆင့်အထိ ကျောင်းသား ကျောင်းသူများ အရည်အချင်းစစ်စာမေးပွဲကို ပြုလုပ်ကျင်းပရာ ကျောင်းသား ကျောင်းသူ ၄၇၄ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တမူးမြို့ စာစစ်ဌာနဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ Placement Test(အထူးအစီအစဉ်)အရည် အချင်းစစ်စာမေးပွဲသို့ ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား ကျောင်းသူ ၄၉၇ ဦး ရှိပြီး မူလတန်းအဆင့် (Grade-1,2,3,4,5)ကျောင်းသား ကျောင်းသူ ၃၈၇ ဦးနှင့် အလယ်တန်းအဆင့် (Grade-6,7,8) ကျောင်းသား ကျောင်းသူ ၈၇ ဦး စုစုပေါင်း ၄၇၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူ ၂၃ ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)
