Jul 23, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jul 23, 2026
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပရာ ဦးစွာ Naypyitaw State Polytechnic University ကျောင်းသား ကျောင်းသူများက “Welcome to NSPU” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက AI အသိပညာဆွေးနွေးပွဲမှသည် AI ကို မြင့်သထက်မြင့်အောင် တီထွင်နိုင်စေရန်ဖြစ်ကြောင်း၊ သုံးစွဲသူ ကျင့်ဝတ်နှင့်အညီ လူငယ်အိပ်မက်များကို AI နည်းပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြား၍ Naypyitaw State Poly-technic University ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။
Jul 23, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 23, 2026
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုကဏ္ဍ” ဆိုင်ရာဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။
Jul 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြို့ အခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Jong Ho Bom ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Jul 23, 2026
နိုင်ငံတစ်နိုင်ငံတွင် ပညာတတ်များပေါများလျှင်၊ ပညာရေးအဆင့်အတန်းမြင့်မားလျှင် နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်သည်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံသူ နိုင်ငံသားများ ပညာတတ်မြောက်ရေး၌ အားနည်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပညာရေးအားနည်းချက် အကျိုးဆက်အနေဖြင့် စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်စွမ်းတို့၌ အများစုမှာ အားနည်းနေသည်ကို တွေ့နိုင်သည်။ အချို့ပညာရေး အားနည်းသော်လည်း တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားသူအချို့လည်းရှိပါသည်။ အချို့ပညာတတ်သော်လည်း တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်စွမ်း အားနည်းသူလည်းရှိပါသည်။ မည်သို့ပင်ဖြစ်စေ တစ်နိုင်ငံလုံးအတိုင်းအတာအရ အများစုပညာတတ်မှု၊ အမှားအမှန် အကောင်းအဆိုး ခွဲခြားနိုင်မှုရှိဖို့လိုအပ်ပါသည်။
Jul 23, 2026
မိုးဖြိုင်ဖြိုင်ရွာသည့် ဇူလိုင်၊ သြဂုတ်လတို့မှာ မိမိတို့နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု အများဆုံးသောလများဖြစ်သည်။ အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားသည်ကို တွေ့ရသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။ သွေးလွန်တုပ်ကွေးသည် ကလေးများတွင် ရောဂါပြင်းထန်ပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိခြင်းကြောင့် အရေးကြီးသည့်ရောဂါမျိုးဖြစ်ရာ ကူးစက်မှုများသည့်ကာလတွင် အထူးဂရုပြုကြရမည်ဖြစ်သည်။
Jul 22, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကာဇက်စတန်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Margulan Baimukhan သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Jul 22, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Nguyen Anh Duc သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Jul 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၄ / ၂၀၂၆
Jul 22, 2026
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ အုပ်ချုပ် ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက် ကျေးရွာဘောလုံးကွင်း၌ ကျင်းပရာ ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းစံက ပါဝင်ယှဉ်ပြိုင်မည့်အသင်းများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန်ပြောကြားပြီး ပြိုင်ပွဲအခမ်းအနားအား စတင်ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများက စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
Jul 22, 2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၇ ရက်က အမက (၁၃) ကျောင်း၌ ပြုလုပ်ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဇင်မာသန်းထွန်းက အာဟာရအုပ်စု ငါးစုပါဝင်အောင် စားသုံးရေးနှင့် ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာမ ဒေါ်ယဉ်မွန်က သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး အကြောင်းအရာများကို ဟောပြောပြီး ကျောင်းသား ကျောင်းသူများအား စနစ်မှန်သွားတိုက်နည်း၊ စနစ်မှန်လက်ဆေးနည်းများကို လက်တွေ့ပြသကာ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 22, 2026
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာ ပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်လ်ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
Jul 22, 2026
မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲဓာတ်အားပေးစက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးကို ဝန်အားနှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့်ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို တိုင်အမှတ်(၁၁၄)နှင့် (၁၁၅) ကြား၊ တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြား၊ တိုင်အမှတ် (၁၆၅) နှင့် (၁၆၆) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက်ဓာတ်အားလိုင်းနှင့် တောင်တွင်းကြီး-မြို့သစ်ဓာတ်အားလိုင်းတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။
Jul 22, 2026
နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွင်းဆက်တွင် ပါဝင်သော မြန်မာနိုင်ငံမှ ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် စည်းကမ်းလိုက်နာမှု ကောင်းမွန်စေရေးနှင့် ကုန်သွယ်မှု လုံခြုံချောမွေ့စေရေးတို့အတွက် ကုန်တင်ပို့သူ (Exporter) နှင့် ကုန်တင်သွင်းသူ (Importer) ကုမ္ပဏီများကို အကောက်ခွန်ဦးစီးဌာနက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ်များ ပေးအပ်လျက်ရှိကြောင်း ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည့် AEO အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားမှ သိရသည်။
Jul 22, 2026
မြစ်ကြီးနား-မိုးညှင်း ရထား လမ်းပိုင်းတွင် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းရထားခရီးစဉ်များကို ယနေ့ စတင်ပြေးဆွဲသည်။
Jul 22, 2026
ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Jul 22, 2026
ချင်းပြည်နယ် တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား အခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Jul 22, 2026
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
