Skip to main content

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် မေ ၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉ ဒသမ ၀၄၃၈ တန်၊ သစ်မာ ၁၇ ဒသမ ၇၉၈၄ တန်၊ အခြား ၁၉၀ ဒသမ ၃၉၇၆ တန် စုစုပေါင်း ၂၂၇ ဒသမ ၂၃၉၈ တန်၊ ယာဉ်/ ယန္တရား သုံးစီး၊ တရားခံ ရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သတင်းစဉ်