Skip to main content

Feb 05, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

နိုင်ငံတော်ကို ကာကွယ်လျက်ရှိသည့်၊ တပ်မတော်ကို ထိရောက်စွာပံ့ပိုးပေးလျက်ရှိသည့် လက်ရုံးအဖွဲ့များတွင် အမြောက်တပ်ဖွဲ့လည်းပါဝင်သည်။ စတင်သန္ဓေ တည်ချိန်မှစ၍ ယနေ့ထက်တိုင်ပေးအပ်သောတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အမြောက်တပ်ဖွဲ့၏ (၇၅) နှစ်မြောက်စိန်ရတုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပြောကြားခဲ့သည်

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

မြန်မာနိုင်ငံသည် နယ်နိမိတ်အကျယ်အဝန်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ အာရှတိုက်ပင်မကုန်းမြေကြီးတွင် တည်ရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ အကြီးဆုံးနိုင်ငံဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် နိုင်ငံငယ်တစ်ခုမျှသာ။ ကမ္ဘာ့မြေပုံပေါ်တွင် သေးငယ်လှစွာသော နိုင်ငံလေးတစ်နိုင်ငံအနေဖြင့် ပြည်တွင်းအင်အားဖြစ်သည့် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်၍ နိုင်ငံထာဝရတည်တံ့စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းနေဖို့လိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ မတရားဆက်လက်ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ‌မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးနေသည့်အတွက် ၎င်းကျေးရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ချန်းပြန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒ ဖြန့်နေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

(၂၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ ဆရာမများ၊ ဒက္ခိဏသီရိမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် ဝယ်ယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံး ပရိဘောဂပစ္စည်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (ပထမ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသ ခန့်မှန်းချက်

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် ရုပ်ရှင်အနုပညာသမားတို့၏ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်ဖြစ်သလို ပြည်သူလူထုကလည်း ၎င်းတို့ချစ်သည့် အနုပညာရှင်များအတွက် စိတ်ဝင်တစားစောင့်ကြည့်ရင်ခုန်ကြရသည့် အခမ်းအနားတစ်ခုဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ရုပ်ရှင်လောကမှ ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များကို ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ယခုနှစ်သည် (၆၅) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကို ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC–1) ၌ ကျင်းပနိုင်ခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ၏ အကယ်ဒမီရင်ခုန်သံစကားများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

(၇၅) နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတစ်ခုတိုးတက်စေရန်အထွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား စီးပွားရေးအားနှင့်ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း” နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အား (၃) အား ကောင်းမွန်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

အနုပညာ၊ အတတ်ပညာနှင့် နည်းပညာတို့ ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်သည် ပြည်သူလူထုကို ညင်သာပျော့ပျောင်းစွာ ဩဇာလွှမ်းမိုးနိုင်သည့် မီဒီယာတစ်ခုဖြစ်သည်။ Soft Power တစ်ခုဖြစ်သည့်အလျောက် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ကမ္ဘာကသိရှိနားလည်လာအောင်၊ မိမိနိုင်ငံနှင့်လူမျိုးကို ကမ္ဘာကပိုမိုရင်းနှီးကျွမ်းဝင်လာအောင် ရုပ်ရှင်အနုပညာနည်းလမ်းဖြင့် ဖြန့်ဝေနိုင်သကဲ့သို့ ပြည်တွင်း၌ လူမှုပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ ပြည်သူလူထု၏ အတွေးအခေါ်ဓလေ့စရိုက်များ မှန်ကန်အောင် ထိန်းသိမ်းတည့်မတ်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင်လည်းကောင်း ရုပ်ရှင်အနုပညာနည်းလမ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်း၌ တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်