Skip to main content

Feb 03, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် လာရောက်ဗုံးကျဲပစ်ခတ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

၁။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်ခ်မက်) (Ayeyawady-Chao Phraya-Mekong Economic Coopera-tion Strategy ACMECS) အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၁၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၃၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

နိုင်ငံတော်အနေဖြင့် ပြည်ပတွင်ရောက်ရှိ နေကြသည့် အမိနိုင်ငံသားများ အခက်အခဲများကြုံတွေ့ နေရပါက မည်သို့သော အခြေအနေသို့ ရောက်ရှိနေသည့်တိုင် မိမိတို့နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ မိမိတို့နိုင်ငံသားများ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်‌ရောက်ရှိရန် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. ကတင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Seres-5 အမျိုး အစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် Dongfeng Motor Corporation Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက် ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၄)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင်ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိုးယွန်းကြီးအင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ပျဉ်ပုံကြီး၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတက္ကသိုလ်ပါမောက္ခ ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများနှင့် ဆုရကျောင်းသား ကျောင်းသူများ၊ ကျေးရွာအဆင့်ဒေသခံကိုယ်စားလှယ်များ၊ ကုမ္ပဏီအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော်ဆေးရုံကြီ(ခုတင်-၁၀၀၀)နှင့် တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၊ ကချင်ပြည်နယ် တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

​​​​​​​တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ပညာရေးကောင်းမွန်ပါမှ အသိပညာ၊ အတတ်ပညာကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည် တိုင်းပြည်အတွက် အလုပ်အကျွေးပြုနိုင်မည်ဖြစ်သည်။ တိုင်းပြည်တွင် အသိပညာ၊ အတတ်ပညာအားနည်းနေပါက နိုင်ငံရေးနှင့်စီးပွားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသောအစိုးရက နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 03, 2024

​​​​​​​ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက် နေခြင်းနှင့်စပ်လျဉ်း၍ တစ်ကိုယ်ရေကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ လွန်ခဲ့သည့်လအတွင်း ဒေသတွင်းနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုများပြားခဲ့ရာမှ မြန်မာနိုင်ငံသို့လည်း ဝင်ရောက်လာပြီး ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာ ၄ ရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၂ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ပြန်သွားချိန် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အဆိုပါဘုန်းကြီးကျောင်းမှ သံဃာတော် ၆ ပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော် M-Gallery Hotel တို့ပူးပေါင်း၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်M-Gallery Hotel ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လူမှုရေးတာဝန်သိမှုနှင့်ပတ်သက်သည့် အသိပညာတိုးပွားစေရန်ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှု (Corporate social responsi- bility - CSR) အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရှိ ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 02, 2024

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေကြသည့် နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်