Feb 01, 2024
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။
Feb 01, 2024
ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး၊ စော်ကား၊ ဖျက်ဆီးနေသည့် အကြမ်းဖက်များနှင့် ဘာသာပျက်များအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။
Feb 01, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
Feb 01, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ဆဲ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ သမဝါယမဦးစီးဌာနမှူးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
Feb 01, 2024
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 01, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် အာဆီယံ - တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ အခမ်းအနား သို တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။
Feb 01, 2024
နေပြည်တော် ဖေဖော်ဝါရီ ၁ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သတင်းမီဒီယာသမားများအနေဖြင့် အခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံများအား ပြန်ကြားရေးဝန်ကြီးဌာန Website ရှိ “၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံများ ကဏ္ဍ” အောက်ပါလင့်တွင် Download ရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်- https://www.moi.gov.mm/myanmar-film-award-ceremony/
Feb 01, 2024
MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ် အကိုင်လုပ်ငန်းရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 01, 2024
ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။
Feb 01, 2024
ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 01, 2024
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်ပါ၍ အောက်ပါ သတ်မှတ် ချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်-
Feb 01, 2024
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူခုနစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
Feb 01, 2024
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောင်ဘက်အစွန်းဆုံးရှိ ဆားကုန်ဘုတ်ကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များ မီးရှို့နေပြီးကျေးရွာရှိ စားနပ်ရိက္ခာများကို ယူဆောင်နေကြကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 01, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက် တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Feb 01, 2024
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ မလွှကုန်းမှ မြို့ဟောင်းခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပိန်းဇလုပ်ဘူတာမှ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ပိန်းဇလုပ်ဘူတာနှင့် ကျောက် တံခါးဘူတာအကြား မိုင်တိုင် အမှတ် ၁၀၃/၁၂ - ၁၃ အကြားရထား ခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၄၂ မိနစ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်း နောက်ကပ်လျက် ကုန်တွဲသုံးတွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။
Feb 01, 2024
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
Feb 01, 2024
ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ အထင်ကရနေရာများသို့ ပြည်တွင်းခရီးသွားများ လည်ပတ်မှု အဆက်မပြတ်ရှိနေကြောင်း ကလောမြို့ကားအငှားဝန်ဆောင်မှုလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။
Feb 01, 2024
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 01, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးနှင့် စည်ပင် ဧည့်ရိပ်သာရှေ့ရှိ EV Charging Station များကို ကြည့်ရှုစစ်ဆေး သည်။
Feb 01, 2024
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရန်မီးစက်များ နေရာချထားဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။