Feb 14, 2024
နေပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
Feb 14, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့ အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Feb 14, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ၂၇-၁-၂၀၂၁ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၆-၁-၂၀၂၄ ရက်နေ့အထိ အသက်ငါးနှစ်နှင့်အထက်ရှိသော ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူလူဦးရေ ၄၃ သန်းကျော်အနက် လူဦးရေ ၃၉ ဒသမ ၈ သန်းခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံ မှု ၉၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် လူဦးရေမှာ ၃၆ ဒသမ ၃ သန်း ခန့် ရှိပြီဖြစ်သောကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှု ၈၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဖြစ်ပါသည်။
Feb 14, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားဧကများ ရေပေးဝေနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Feb 14, 2024
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်း (နေပြည်တော်)နှင့် သားဖွားသင်တန်းကျောင်း (နေပြည်တော်)တို့တွင် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူများနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တွင် ဓာတ်ခွဲသင်တန်း တက်ရောက်လျက်ရှိသော ချင်းတိုင်းရင်းသား တိုင်းရင်းသူများထံ နေပြည်တော်ကောင်စီက အာဟာရနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သားဖွားသင်တန်း ကျောင်း(နေပြည်တော်)ရှိ ဘက်စုံသုံးခန်းမကြီး၌ ကျင်းပသည်။
Feb 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ် ဘုံတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်က အမျိုးသား ၄၀ နီးပါးကို တပ်မတော်က ဖမ်းဆီးသွားကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်ကလည်း ကလေး မြောက်ပိုင်း၊ ကျီကုန်းရွာ၌ သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးကိုယ်တိုင်ဆင်းကာ ပြည်သူ့စစ်အတွက် လူအင်အား ၄၀ မဖြစ်မနေပေးရန် တောင်းသွားသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
Feb 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ ထိခိုက်ကျဆုံးမှု များပြားမှုကြောင့် မြို့ပေါ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီးနေကြောင်းနှင့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများကိုလည်း စစ်ကားများဖြင့် သယ်ဆောင်သွားကြကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအား အထင်အမြင် လွှဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းများရေးသား ဖြန့်ဝေလျက်ရှိသည်။
Feb 14, 2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ စတုတ္ထနေ့အဖြစ် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
Feb 14, 2024
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်းစာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဓနုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဥက္ကဋ္ဌများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
Feb 14, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ ၁၉ ဦးနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီးလေးဦးတို့အား တွေ့ဆုံသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 14, 2024
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
Feb 14, 2024
အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်ပြီး ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားမိဘပြည်သူများအားလုံး ပိုမို သိရှိနားလည် သဘောပေါက်စေဖို့ ကျွန်တော်တို့ထပ်မံပြီး ပြောပြ သင့်တဲ့ အချက်များကို ကျွန်တော်တို့ ပြောပြပါမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး တချို့သော ပြည်ဖျက်မီဒီယာများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်အဖွဲ့များရဲ့ ဆောင်ရွက်မှုတွေပေါ့၊ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဒါပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေ၊ ပြည်သူလူထုကြားထဲမှာ တချို့သောစိုးရိမ်ပူပန်မှုတွေရှိနေတယ် ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။
Feb 14, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
Feb 14, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် နှစ်ပေါင်းထောင်ချီ စုစည်း နေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပြီး အန္တရာယ်ရန်စွယ်အပေါင်းတို့ကို လက်တွဲတွန်းလှန်ခဲ့ကြသည်။ သို့သော် ကိုလိုနီလက်အောက်သို့ ကျရောက်သည့်အခါ သွေးခွဲအုပ်ချုပ်မှုပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်။
Feb 14, 2024
တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ်နှင့်ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို လူမျိုးစုများအတွင်း မြှင့်တင်မှုပြုလုပ်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် ဖန်တီးခြင်းတို့က နိုင်ငံနှင့်ပြည်သူများအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် လူမျိုးစုများအတူတကွ ယှဉ်တွဲနေထိုင် ပူးပေါင်းလုပ်ကိုင်ရေး သို့မဟုတ် လူမျိုးစုစည်းလုံးညီညွတ်ရေးသည် ခက်ခဲသလောက် လူမျိုးရေးဆိုင်ရာ စိတ်ဓာတ်ကို မီးထိုးပေးပြီး သီးခြားဝိသေသလက္ခဏာများ ပြသခွဲခြားခြင်းက လွယ်ကူသည်ဖြစ်ရာ ရန်လိုစိတ်ရှိသည့် လူမျိုးစုခေါင်းဆောင်တို့က ယင်းနည်းလမ်းကို အသုံးချပြီး အာဏာကိုရယူလေ့ရှိကြသည်။
Feb 13, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Feb 13, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက်မှ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ(၁၉)ဦးတို့နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး(၄)ဦးတို့အား တွေ့ဆုံသည့် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် (အင်္ဂါနေ့)နံနက် ၁၀း၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Feb 13, 2024
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 13, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၂၄၉ ဦးတို့သည် ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။