Feb 15, 2024
ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Feb 15, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံသည်။
Feb 15, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၃ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 15, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “ပြည်ထောင်စုနေ့နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Feb 15, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ အင်မရန်ဟိုက်ဒါအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
Feb 15, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျေအမ်ဂျန်နကာ ပရီယန်သာ ဘန်ဒါရာနေရာတွင် မစ္စစ်ပွန်နမ်ပီ ရူမားအာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
Feb 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Feb 15, 2024
မြန်မာနိုင်ငံတွင် အများပြည်သူတို့၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ရေရှည်လျှောက်လှမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
Feb 15, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း အသိအမြင်၊ နားလည်မှုလွဲမှားစေရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန် ပြည်ဖျက်မီဒီယာတို့က သွေးထိုးလှုံ့ဆော်မှု၊ သတင်းတု သတင်းမှား ထုတ်လွှင့်မှုတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းပြောကြားမှုများ စဉ်ဆက်မပြတ်ပြုလုပ်၍ အများပြည်သူမှန်ကန်စွာသိနားလည်လာစေရန် ဆောင်ရွက်နေရသည်။ မမှန်မကန်ဝေဖန်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့သောပြည်သူလူထုကြားထဲတွင် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လျက်ရှိသော်လည်း အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီစွာ စတင်အာဏာသက်ဝင်လာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား အနယ်နယ်အရပ်ရပ်မှ ပြည်သူများက တစ်ခဲနက်ဆန္ဒထုတ်ဖော်ကြိုဆိုထောက်ခံနေကြသည့် မြင်ကွင်းများကို တွေ့ရသည်။
Feb 14, 2024
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Feb 14, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 14, 2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအား အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Feb 14, 2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ငွေသန်းဝင်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တပ်မတော်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက တစ်အိမ်တစ်ဦး မဖြစ်မနေပေးရမည်ဟုဆိုကာ အသက်မပြည့်သော ကလေးများအပါအဝင် လူငယ်များကို ပေါ်တာဆွဲခေါ်ဆောင်သွားပြီး သန်လျင်ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်းခံထားရကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရပ်ကွက်များတွင် တစ်ရပ်ကွက်လျင် လူငယ် ၂၀ ဦးစီစာရင်းပေးရန် တပ်မတော်က တောင်းခံလာကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 14, 2024
မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင် အတွင်းဆေးကုသမှု လုံလောက်စွာမရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးသွားကြောင်း၊ ထောင်တွင်းဆေးရုံမှာ ဘာရောဂါမှန်းမသိဘဲ ကုသမှုခံယူနေရင်း နေမကောင်းလိုက်၊ ပြင်ပဆေးရုံပို့လိုက်၊ လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး အကျဉ်းထောင်သို့ ပြန်ပို့လိုက်နဲ့ ဖေဖော်ဝါရီ (၄) ရက်နေ့က သေဆုံးသွားကြောင်း၊ အကျဉ်းထောင်တွင် ဆေးဝါးကုသမှုလုံလောက်စွာ မရရှိကြောင်း ကောလဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Feb 14, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံသည့် အခမ်းအနားကို ယနေ့နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 14, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Feb 14, 2024
လူမှုရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း
Feb 14, 2024
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အစားထိုးခန့်အပ်ခြင်း
Feb 14, 2024
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း