Feb 17, 2024
ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို စစ်ဆေးမှုများပြုလုပ်ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိကြောင်း တွေ့ရှိရသည်။
Feb 17, 2024
လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏တန်ဖိုးထားမှုစနစ်နှင့် စံများ (Value System and Norms) က လူတို့၏အပြုအမူများအပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟု ပညာရှင်များကဆိုသည်။ လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများကလက်ခံထားသော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည်အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည်ကို ဆိုခြင်းလည်းဖြစ်သည်။
Feb 17, 2024
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 17, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးကြသည်။
Feb 17, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးကိုအခြေခံ၍ MSME လုပ်ငန်းများ အားပေးမြှင့်တင်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မုဒုံ) မှ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် တစ်နိုင်တစ်ပိုင်ရက်ကန်းလုပ်ငန်းများ ပေါ်ပေါက်လာစေရန်အတွက် ရက်ကန်းပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနေမှုနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်နှင့် တွေ့ဆုံမေးမြန်းမှုအားဖော်ပြအပ်ပါသည် -
Feb 17, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 17, 2024
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမနနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရှိ ပဲခူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Feb 17, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Feb 17, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
Feb 17, 2024
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
Feb 17, 2024
မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သက်တမ်းနှစ်ကြိမ် ဖြတ်သန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
Feb 16, 2024
“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံအများအပြားမှာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီးသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ခုနှစ်ထဲမှာ ပြဌာန်းထားပြီး ယခုမှသာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ အမြဲတမ်းတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်များကို ပုံမှန်ထမ်းဆောင်နေမြဲဖြစ်ပါတယ်။ ဒီစစ်မှုထမ်း ဥပဒေပြဌာန်းရခြင်းဟာလည်း အနာဂတ်မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲဖို့အတွက်ဖြစ်တာကြောင့် မိမိနိုင်ငံကိုမိမိအင်အား တောင့်တင်းခိုင်မာစွာနဲ့ ကာကွယ်နိုင်တဲ့ လုံခြုံရေး၊ ကာကွယ်ရေးစနစ်ကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ခြင်းပဲဖြစ်ကြောင်း” အသိပေးအပ်ပါသည်။
Feb 16, 2024
“နိုင်ငံတော်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်လို့ တပ်မတော်အင်အား တောင့်တင်း ခိုင်မာလာပြီး ပြည်သူတွေ ကာကွယ်ရေးအသိအမြင် တိုးသွားမှာကို ပြည်ပအားကိုး ပြည်ဖျက်မီဒီယာတွေက အလွန်စိုးရိမ်ထိတ်လန့်နေကြတာပဲ ဖြစ်ပါတယ်။
Feb 16, 2024
NUG ၊ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေသာဖြစ်ပါတယ်။ UN အထူးကိုယ်စားလှယ်အနေနဲ့ အဆိုပါဥပဒေနဲ့မညီတဲ့လုပ်ရပ်များအတွက်မည်သည့် အသံမျှမထွက်ဘဲ နှုတ်ဆိတ်နေပါတယ်။ UN အနေဖြင့် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ ကောင်းကျိုးပြုတာ ဘာတစ်ခုမှမရှိဘဲ အနောက် နိုင်ငံများရဲ့ အလိုကျသာစီးပွားရေးပိတ်ဆို့ခြင်းဖြင့် မြန်မာနိုင်ငံသားများ အတိဒုက္ခရောက်အောင်သာ လိုက်ပါလုပ်ဆောင်နေပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ အပြုသဘောဆောင်တဲ့ ပြောဆိုမှုသာလုပ်ဆောင်ဖို့လိုကြောင်း” အသိပေးအပ်ပါသည်။
Feb 16, 2024
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁) ကို စစ်မှုထမ်းရန် အကျုံးဝင်သူအင်အား ၅,၀၀၀ ဦးဖြင့် စတင်မှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးပြီး တာဝန်စတင်ထမ်းဆောင်ဖို့ကိုလည်း မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာသာ သတ်မှတ်ထားတဲ့ကာလအထိ တာဝန်ထမ်းဆောင်သွားရမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုကာကွယ်မည့် တပ်မတော်ကြီးအင်အားတောင့်တင်းပြီး စွမ်းရည်ရှိလာမှာကိုစိုးရိမ်ကြောက်ရွံ့နေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်ဖျက် မီဒီယာများကတော့ သွေးထိုးလှုံ့ဆော်နေမှာပဲဖြစ်တာကြောင့် အထူးသတိထားဖို့ လိုအပ်ကြောင်းအသိပေးအပ်ပါသည်။
Feb 16, 2024
“ပြည်သူလူထုအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမှာကို အရမ်းစိုးရိမ်နေစရာမလိုအပ်ပါဘူး။ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက စစ်မှုထမ်းဆောင်မှုနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တမင်ဖန်တီးပြီးလူငယ်၊ လူရွယ်တွေသူတို့လို အကြမ်းဖက်သမားဘဝမျိုးကို ရောက်ရှိအောင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Feb 16, 2024
“ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၆ အရ အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ပုဒ်မ ၇(က)အရ အဆိုပါဗဟိုအဖွဲ့က တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ခရိုင်အဖွဲ့နဲ့ မြို့နယ်အဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
Feb 16, 2024
ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးမှ လက်ရှိချက်ချင်းစစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သော လူဦးရေ ကျား၊ မစာရင်းကို အမြန်ဆုံးကောက်ယူခိုင်းထားကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းရန်အကျုံး ဝင်သောလူငယ်များကို ရှောင်တိမ်းခြင်းမရှိစေရန်အတွက် မိဘ၊ ဆွေမျိုး၊ မောင်နှမများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိချမှတ်နိုင်ကြောင်း ဝန်ခံကတိပြုလက်မှတ်များ ရေးထိုးခိုင်းနေကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိပါသည်။
