မော်လမြိုင်ကျွန်း ဇူလိုင် ၇
လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက (၆) ရပ်ကွက် မြို့ဦးစေတီဆိပ်ကမ်း၌ ငါးသယံဇာတတိုးပွားစေရေး လူထုအသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာ ငါးဖမ်းနည်းများဆိုင်ရာ သိမှတ်ဖွယ်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဆိပ်ကမ်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူး မိုးစိန်၊ အဖွဲ့ဝင် (၂)ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နှင်းရည်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရေလုပ်သားများ စုစုပေါင်းအင်အား ၈၀ ခန့် တက်ရောက်ကြခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများအား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်