Skip to main content

Mar 16, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် “Enhancing Integrity and Combatting Corruption” အလုပ်ရုံဆွေးနွေးပွဲကို အင်္ဂလိပ်ဘာသာစကားဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် Speaker များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်မည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေး၏ အခန်းကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

၂၀၂၃-၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲသို့ လေ့လာရန် မော်စကိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ရေးဗဟိုဌာန၌ ကျင်းပသည့် ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅၀) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗန်းမော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်၍ ပြတိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြတိုက်တွင် ပြကွက်အလိုက် ခင်းကျင်းပြသမည့် လုပ်ငန်းများ၊ ပြသပစ္စည်းများအတွက် ဆေးအရောင်အသွေး၊ မီးအလင်းပေးမှု စီစဉ်ဆောင်ရွက်နေမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Sun Shine ရေယာဉ်သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် Transformer ၁၁ လုံး၊ လျှပ်စစ်သုံးဆက်စပ်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ၊ ရုံးသုံးပရိဘောဂများအပါအဝင် စုစုပေါင်း တန် ၁၅၆၁ ဒသမ ၄၀ တင်ဆောင်၍ ယမန်နေ့က စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံးတို့ကို ခြိမ်းခြောက်နေသော အန္တရာယ်အမျိုးမျိုးတို့တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သည်။ မူးယစ်ဆေးဝါးအမျိုးမျိုးသည် ဘိန်းကိုအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုမှ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများမှတစ်ဆင့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ ဒုစရိုက်မှု အမျိုးမျိုးမှသည် အကြမ်းဖက်တိုက်ခိုက်မှု စသည့်ဆိုးကျိုးများအထိ ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2024

ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းထားသည့် လူတစ်ဦး၏ခန္ဓာကိုယ်တွင် ရေဓာတ်က ပါဝင်ဖွဲ့စည်းမှုအများဆုံးဖြစ်သည်။ အစာမစားရလျှင် ရက်ချီ၍နေနိုင်သော်လည်း ရေမသောက်ရလျှင် တစ်မနက်ပင် နေဖို့မလွယ်။ သို့ဖြစ်၍ ထမင်းအသက်ခုနစ်ရက်၊ ရေ အသက်တစ်မနက်ဟုဆိုကြခြင်းဖြစ်သည်။ ဤသို့လျှင် အသက်တမျှအရေးပါလှသည့်ရေကို လူများစွာတို့က အလေးဂရုမပြု၊ တန်ဖိုးမထား။ ရေဟူသည် လွယ်လွယ်ကူကူရရှိနိုင်၍ ပေါပေါ သုံးနိုင်သည်ဟု အယူမှားကာ အသုံးပြုရုံသာမကဖြုန်းတီးသည့် အမှုကိုပါ ပြုလျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

မဟုတ်မမှန်လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီးဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကိုယနေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

​​​​​​​၁။      ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၉၉)တွင် ပါတီရုံးချုပ်တည်ရှိသော ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၃-၃-၂၀၂၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကိုကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 15, 2024

(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်