နေပြည်တော် ဩဂုတ် ၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၃ - ၈ - ၂၀၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၁) တွင် မည်သည့်အကျိုးကိုမျှ မမျှော်လင့်ဘဲ တကယ့်စိတ်ရင်းမှန်ဖြင့် သူငယ်ချင်းပေစိ၏ မိခင်ကိုကူညီပေးခဲ့သော ပုပုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် စေတနာကံ” မျက်နှာဖုံးဇာတ်လမ်း၊ မြန်မာလူမျိုးများသည် ဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ကြပုံနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပုံတို့ကို ဗဟုသုတဖြစ်ဖွယ်ရေးဖွဲ့ထားသော “ဝါတွင်းဥပုသ်ချိန်ခါ” သုတကဏ္ဍ၊ လှေသူကြီးဦးကောင်းသည် သူ၏လောဘစိတ်ကြောင့် လှေနစ်မြုပ်သွားပြီး လူရော၊ ပစ္စည်းပါ ဆုံးရှုံးသွားရသည့်အကြောင်းကို တင်ဆက်ထားသည့် “လှေသူကြီး” နှစ်မျက်နှာကာတွန်း၊ တစ်ရွာလုံးအတွက် လိုအပ်နေသော ရေကိုကြိုးစားရှာဖွေပေးခဲ့သည့် မဥဩအကြောင်းကို ရေးသားထားသည့် “ရပ်ရွာအတွက် စွန့်စားသူ” ပုံပြင်ကဏ္ဍ၊ မုန့်ဖိုးကိုမသုံးပစ်ဘဲ လိုအပ်သည့် နေရာတွင်သုံးရန် စုထားတတ်သော ဝိုင်းချစ်နှင့် မုန့်ဖိုးကိုမစုဘဲ အကုန်သုံးပစ်သော မျောက်မူးလဲတို့အကြောင်းကို တင်ဆက်ထားသည့် “မုန့်ဖိုး” တစ်မျက်နှာကာတွန်း၊ ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်ပြီး မိမိအသင်းအတွက် ဦးဆောင်မှုပေးသည့် မေနှိုင်းအကြောင်းကို ရေးသားထားသည့် “ကျောင်းဂုဏ်ဆောင်သူ မေနှိုင်း” ဝတ္ထုကဏ္ဍ၊ ဂဏန်းသင်္ချာများကို တွက်ချက်နိုင်စေရန် ရေးဆွဲထားသည့် “ဂဏန်းသင်္ချာတွက်ကြမယ်” ဉာဏ်စမ်းကဏ္ဍ၊ မုန့်တွေ အကုန်စားပြီး ဗိုက်နာသွားသော ဖြိုးရဲအကြောင်းကို တင်ဆက်ထားသည့် “တန်ဆေးလွန်ဘေး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများအပေါ် အနိုင်ကျင့်သော ဖိုးဇော်ကို ပညာပေးဆုံးမထား သည့်အကြောင်းတင်ဆက်ထားသော “မကောင်း ကြံ ကိုယ်ပဲခံ” နှစ်မျက်နှာကာတွန်း၊ ဝါခေါင်လ တွင် အရပ်မျက်နှာများအားလုံး အုံ့မှိုင်းကာခတ္တာပန်းများ ပွင့်ကြပုံနှင့်စာရေးတံမဲပွဲ ကျင်းပကြပုံအကြောင်း ရေးဖွဲ့ထားသည့် “ဝါခေါင်လ” ကဗျာကဏ္ဍ၊ တိရစ္ဆာန်တွေကိုချစ်တတ်သော ဖိုးတစ်တိုနှင့် ငှက်ပစ်ချင်သည့် သူငယ်ချင်းအကြောင်းကိုတင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းကဏ္ဍ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်