Skip to main content

Mar 17, 2024

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/မရှိ၊ တရားမဝင်သူများ နေထိုင်မှုရှိ/မရှိ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) အလတ်စား စက်ပြင်အလုပ်ရုံတွင်တောင်သူပိုင် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ လက်တွန်းထွန်စက်များ၏ ကြံ့ခိုင်မှုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေမှုနှင့် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အထောက်အကူပြု အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးတို့၏ လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သော ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန် မွမ်းမံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဌာနများတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးရန်တို့အတွက် ခေတ်မီနည်းပညာများ စနစ်တကျအသုံးချနိုင်ပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်များကို လိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင် ရေးသင်တန်းများကိုဖွင့်လှစ်ကာ မြေတောင်မြှောက် ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ ၉၅၃၉ ဦးအထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုများလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရ သည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကိုဒုတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၃၂၃ ဦးက စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာရှေ့ သံလွင်လမ်းမကြီး လမ်းဘေးဝဲ/ယာ၊ ကားလမ်းမကြီး နှင့် ရထားသံလမ်းကြားတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

ရှမ်းပြည်နယ်မှ (အရှေ့ပိုင်း) မှ ဂေါပကအဖွဲ့အုပ်ချုပ်သူ နှစ်ဦး၊ အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၈ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာနရုံးအဆောက်အအုံများအတွက် မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်မှုများပြုလုပ်ရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေးအတွက် အဆင့်ဆင့်သတိပေးကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများစနစ်တကျ ပြုစုထိန်းသိမ်း၍ အထွက်နှုန်းတိုးအောင် စီမံ‌ဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့်သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ၁၂ မိုင်အကွာ ဗိဿနိုးမြို့ဟောင်း အနောက်ဘက်တွင်ရှိသည့် ကုက္ကိုခွကျေးရွာမှ မိရိုးဖလာအိုးလုပ်ငန်းသည် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာသည့် ရိုးရာလက်မှုအတတ်ပညာ လုပ်ငန်းတစ်ခုဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းဆိုင်ရာ အချက်အလက်များမှ အရိုးအိုးမြှုပ်နှံမှုဆိုင်ရာအထောက်အထားများ၊ ရေစင်တော်သွန်းအိုး၊ ငှက်ရုပ်ပုံအရိုးအိုးစသည့် သမိုင်းကြောင်းဆိုင်ရာအထောက်အထားများနှင့် လေ့လာတွေ့ရှိချက်များအရ အိုးလုပ်ငန်းသည် ပျူခေတ်ကတည်းက ထွန်းကားလာခဲ့သော မြန်မာတို့၏လက်မှုအတတ်ပညာ တစ်ခုလည်းဖြစ်ခဲ့သည်။ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ရာမှ ယခုအခါအသေးစားစီးပွားရေး လက်မှုလုပ်ငန်းအဖြစ် အိုးအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ မစမ်းစမ်းသွယ်နှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ် ဖွဲ့စည်းခြင်းအခမ်းနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိ သိမ်ကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုအဖြစ် ဆေးကုသခြင်းကို ယနေ့တွင် နေပြည်တော်အမျိုး သားပရဆေးဥယျာဉ်ရှိ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး လာရောက်ပြသသည့်လူနာများကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဖွင့်ပွဲနေရာ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ၏ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ နေရာအသီးသီး၌ တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့်ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ကျွန်းစုမြို့နယ်ရှိ ရေလုပ်ငန်းနှင့်ရေထွက်ပစ္စည်းများကို တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်နေမှုများ၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 17, 2024

မြန်မာနိုင်ငံတွင် အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်ကို ခိုင်မာစွာတည်ဆောက်ခဲ့ခြင်းမရှိသောကြောင့် အင်အားသာလွန်သည့် တိုင်းတစ်ပါးနယ်ချဲ့တို့၏လက်အောက်သို့ နှစ်ပေါင်းတစ်ရာကျော်ကျရောက်ခဲ့ဖူးသည်။ ထို့နောက် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများ၊ တစုတစည်းတည်းဖွဲ့စည်းခဲ့သည့် တပ်မတော်နှင့်ပြည်သူများ၏ လက်တွဲပူးပေါင်းဆောင်ရွက်မှုများဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်