Mar 17, 2024
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါး စာရင်းဝင်ဒေသရင်းမျိုးစိတ် မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော် ဘုရားပွဲရာသီအတွင်း လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း ရွှေစက်တော်ဘေးမဲ့ တောဥယျာဉ် သဘာဝဝန်းကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။
Mar 17, 2024
၁၃၈၅ ခုနှစ် နတ်တော်လတွင် ကျင်းပပြီးစီးခဲ့သည့် (၉၂) ကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီးလုံးဆိုင်ရာ ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်အရှင်မြတ် ၁၈၁ ပါးတို့အားစာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၅ ခုနှစ် တပေါင်းလဆန်း ၈ ရက် (မတ် ၁၇ ရက်)တနင်္ဂနွေနေ့ နံနက် ၁၁ နာရီခွဲတွင် ပုဇွန် တောင်မြို့နယ် ဘုရားဖြူကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
Mar 17, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။
Mar 17, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါအဝင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၅၁၂၅ ဦးနှင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၃၅၁၀ ဦးရှိကြောင်းသိရသည်။
Mar 17, 2024
တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာစိုက်ဧကပေါင်း လေးသိန်းခန့်ရှိပြီး ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်တို့တွင် ရော်ဘာပင်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ မြိတ်ခရိုင်တစ်ခုတည်းတွင် ရော်ဘာစိုက်ဧက ၁၄၉၅၁၂ ရှိကြောင်းနှင့် နှစ်စဉ်ရော်ဘာခြစ်ရာသီ ရောက်တိုင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။
Mar 17, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း အမှတ်(ဌ/၆၀၄)၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် MILO ၃၂၁၆ ဘူး အပါအဝင် ကုန်ပစ္စည်းသုံးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃၇၀၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 17, 2024
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(UMBEEA)က ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန် အကြို စျေးရောင်းပွဲတော်ကို မတ် ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်သာယာ Shopping Mall ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
Mar 17, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရှိဝန်ထမ်းအိမ်ရာများ၌ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ထားသော အိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်မှု ရှိ/မရှိ၊ တရားမဝင်သူများ နေထိုင်မှုရှိ/မရှိ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
Mar 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က နေပြည်တော်ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) အလတ်စား စက်ပြင်အလုပ်ရုံတွင်တောင်သူပိုင် ထွန်စက်ကြီးများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ၊ လက်တွန်းထွန်စက်များ၏ ကြံ့ခိုင်မှုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေမှုနှင့် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု အထောက်အကူပြု အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Mar 17, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးတို့၏ လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 17, 2024
မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။
Mar 17, 2024
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အရည်အချင်းပြည့်ဝသော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားခဲ့သော ဧည့်လမ်းညွှန်သင်တန်း အမှတ်စဉ် (၆၄) နှင့် ဧည့်လမ်းညွှန် မွမ်းမံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
Mar 17, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၃ ရက် နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဌာနများတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ MSMEs များ၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးရန်တို့အတွက် ခေတ်မီနည်းပညာများ စနစ်တကျအသုံးချနိုင်ပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်များကို လိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင် ရေးသင်တန်းများကိုဖွင့်လှစ်ကာ မြေတောင်မြှောက် ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ ၉၅၃၉ ဦးအထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
Mar 17, 2024
တပ်မတော်က အတင်းအဓမ္မစုဆောင်းသင်တန်းပေးထားသည့် အစ္စလာမ်ဘာသာဝင်များကို ရှေ့တန်းပို့ စစ်တိုက်ခိုင်းခြင်းကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင်များရှိနေသလို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းမှုများလည်း ဆက်လုပ်နေသည်ဟု ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရ သည်။
Mar 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်ဝက်စာမေးပွဲကိုဒုတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၃၂၃ ဦးက စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
Mar 17, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ် ရွာတော်ဘူတာရှေ့ သံလွင်လမ်းမကြီး လမ်းဘေးဝဲ/ယာ၊ ကားလမ်းမကြီး နှင့် ရထားသံလမ်းကြားတွင် နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Mar 17, 2024
ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်၌ ကျင်းပသည်။
Mar 17, 2024
ရှမ်းပြည်နယ်မှ (အရှေ့ပိုင်း) မှ ဂေါပကအဖွဲ့အုပ်ချုပ်သူ နှစ်ဦး၊ အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၈ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 17, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာနရုံးအဆောက်အအုံများအတွက် မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်မှုများပြုလုပ်ရေး အထူးအလေးထားဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုမရှိစေရေးအတွက် အဆင့်ဆင့်သတိပေးကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများစနစ်တကျ ပြုစုထိန်းသိမ်း၍ အထွက်နှုန်းတိုးအောင် စီမံဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့်သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
Mar 17, 2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ၁၂ မိုင်အကွာ ဗိဿနိုးမြို့ဟောင်း အနောက်ဘက်တွင်ရှိသည့် ကုက္ကိုခွကျေးရွာမှ မိရိုးဖလာအိုးလုပ်ငန်းသည် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာသည့် ရိုးရာလက်မှုအတတ်ပညာ လုပ်ငန်းတစ်ခုဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းဆိုင်ရာ အချက်အလက်များမှ အရိုးအိုးမြှုပ်နှံမှုဆိုင်ရာအထောက်အထားများ၊ ရေစင်တော်သွန်းအိုး၊ ငှက်ရုပ်ပုံအရိုးအိုးစသည့် သမိုင်းကြောင်းဆိုင်ရာအထောက်အထားများနှင့် လေ့လာတွေ့ရှိချက်များအရ အိုးလုပ်ငန်းသည် ပျူခေတ်ကတည်းက ထွန်းကားလာခဲ့သော မြန်မာတို့၏လက်မှုအတတ်ပညာ တစ်ခုလည်းဖြစ်ခဲ့သည်။ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ရာမှ ယခုအခါအသေးစားစီးပွားရေး လက်မှုလုပ်ငန်းအဖြစ် အိုးအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ မစမ်းစမ်းသွယ်နှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြအပ်ပါသည်။
