နေပြည်တော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရေဘေးသင့် ရပ်ကွက်အချို့ရှိ ဒေသခံများထံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ဇူလိုင်လ ၃၁ ရက်နေ့က စစ်မှုထမ်းထောက်ပံ့ရန် အကြောင်းပြကာ ငွေကြေးကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကြံခင်းမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှသွားရောက်၍ ရေဘေးသင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေးလုပ်ဆောင်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ အလှူရှင်များ လာရောက်လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ပစ္စည်းများကိုလည်း မြို့နယ်ပရဟိတအဖွဲ့များနှင့်အတူပူးပေါင်း၍ ဝိုင်းဝန်းဝေငှမှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက် ပေးနေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ အောက်တန်းကျစွာဖြင့် လုပ်ကြံဖန်တီးဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။