Skip to main content

Mar 13, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား လေ့လာရန်နှင့် မော်စကိုမြို့တွင်ကျင်းပမည့် International Scientific and Practical Conference သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

နွေဦးရာသီ ယခုအချိန်ကာလတွင် ပုံမှန်နွေကာလထက် အပူချိန်ပိုမိုလွန်ကဲမည့် လက္ခဏာများကို ကြုံတွေ့ကြရမည်ဖြစ်သည်။ အကြောင်းမှာ အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှု ပိုလာခြင်းဖြစ်သည်။ လက်ရှိတွင် နေ့ပူပြီး နံနက်/ည အအေးဓာတ်ရှိသဖြင့် အပူအအေးကွာခြားမှုအပြောင်းအလဲကြောင့် လူတို့၏ကျန်းမာရေးကို အထူးသတိပြုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 13, 2024

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံမှာ ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်မြင်ပါက လွန်စွာပင် ထူးခြားလှပြီး အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများပါ‌ ရောပြွမ်းတည်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငတကာရေးရာတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ  ရှေးရှုကြရစမြဲဖြစ်ရာ ဧရာမနိုင်ငံကြီးနှစ်ခုကြားတွင် ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ကျစ်လျစ်သိပ်သည်းခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို ထာဝရအကျိုးစီးပွားအဖြစ် မဖြစ်မနေ တည်ဆောက်ထားရန် လိုအပ်သည်ကို နိုင်ငံသားတိုင်းက သိနားလည်ထားကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီးငယ် ၃ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှတပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက် တောင်ဘက်ရေမိုင် ၃.၈ မိုင်အကွာ၌ ငွေလရောင်အမည်ရှိ ငါးသယ်လှေတစ်စီး ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ မတ်လ ၁၁ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့်လှေအား တွေ့ရှိခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသော လှေသား ၁၀ ဦးအား ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးချမ်းအေးသည် ၎င်း၏ ခန့်အပ်လွှာကို မတ် ၁၀ ရက်က ကူဝိတ်နိုင်ငံဘာရန်းနန်းတော်၌ ကူဝိတ်နိုင်ငံ ဘုရင်ရှိတ်မီရှာ အယ်လ်- အာမက် အယ်လ်- ဂျာဘားအယ်လ်-ဆာဘားထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုမှ ကျောင်းသား ကျောင်းသူများ ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၆/၂၀၂၂(မန္တလေး)၊ ၁၅/၂၀၂၃(မကွေး)၊ ၂၂/၂၀၂၃ (ကချင်)၊ ၃၁/၂၀၂၃ (ပဲခူး)၊ ၃၅/၂၀၂၃ (ရန်ကုန်)နှင့် ၄၂/၂၀၂၃(ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၆)မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချ၍ အသိပညာဗဟုသုတတိုးပွားပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ကွန်ပျူတာနည်းပညာများအား အခြေခံတတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ကွန်ပျူတာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဖွင့်လှစ်ခဲ့ရာတိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၈ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၂၆၈ တန်၊ အခြားသစ် ၄၂ ဒသမ ၈၅၆ တန်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၉၃၁၇၅၂ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 12, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့ သွားရောက်ပြီး နှမ်းရိုးအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေသော အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ မကွေး၊ အောင်လံ၊ ဆင်ပေါင်ဝဲနှင့် တောင်တွင်းကြီး မြို့နယ်သမဝါယမအသင်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်