နေပြည်တော် ဩဂုတ် ၁
နောင်ချိုမြို့နယ်၌ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာရှိ ယန်ဆန်၏ နေအိမ်ခြံဝင်းကို သတင်းအရ ရှာဖွေရာ သံပီပါ ၂၇၀ အတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယန်ဆန် ၃၉ နှစ်နှင့် ယန်အင်ချီ ၄၁ နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်