Skip to main content

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများလှူဒါန်း

နေပြည်တော် ဩဂုတ် ၂

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံ‌ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စေတနာဖြင့် စု‌ပေါင်းလျက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန ‌မြေညီထပ်အစည်းအဝေးခန်းမ၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့က လိုက်လံကြည့်ရှု အားပေးကြသည်။

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအတွက် စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၉၀ နှင့် တပ်မတော်သားတစ်ဦးလျှင် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ မုန့်၊ လက်ဖက်ထုပ်အသေး၊ ငါးပိထုပ်၊ လက်ဖက်အကြော်စုံ၊ ပေါက်ရှူ ရှူဆေးဘူး၊ ငါးသေတ္တာတို့ပါရှိသော အစားအသောက် ဆေးဝါးပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅ သိန်းဖိုးကို တပ်မတော်သား အယောက် ၂၀၀ အတွက် မေတ္တာဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်