Skip to main content

မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်လူငယ်များကို စစ်သင်တန်းတက်ရောက်ရန်ခေါ်ယူခြင်းကြောင့် ရာနဲ့ချီသည့် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြောင်း ဝါဒဖြန့်ဝေနေ

နေပြည်တော် သြဂုတ် ၂

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်းတက်ရောက်ရန် တပ်မတော်က အဓမ္မတောင်းခံနေသည့်အတွက် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေကြောင်း မီဒီယာအမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရပြီး AA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ် မောင်တောမြို့အား တိုက်ခိုက်ရာတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် မြို့/ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများက ထိုသို့အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် AA အကြမ်းဖက်သမားများကို လက်မခံကြောင်း ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ ထိုသို့ AA အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများ အထင်အမြင်လွဲမှားလာစေရန် ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်