Mar 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန်ကလေးဥယျာဉ်ခြံသို့ရောက်ရှိရာ ခြံတာဝန်ခံက သစ်သီးဝလံစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် မျိုးကောင်း၊ မျိုးသန့်ပျိုးပင်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့် အော်ဂဲနစ် Organic ဆိုင်ရာ နည်းပညာများ ပြန့်ပွားရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြား၍ ဒူးရင်း၊ ကလော စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။
Mar 20, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းနှင့် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး စီမံကိန်းများ၏ အတွေ့အကြုံမျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY Hotel ၌ ကျင်းပသည်။
Mar 20, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းအတွင်း ဥပဓိ ရုပ်ကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်နေဆဲ စာသင်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
Mar 20, 2024
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 20, 2024
တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 20, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်) Studio - A ၌ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Mar 20, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့ညနေပိုင်း၌ နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 20, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးကျော်စွာမြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Mar 20, 2024
၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။
Mar 20, 2024
လူတို့လက်၏ လက်ချောင်းငါးချောင်းသည် အရှည်အတို၊ အရွယ်အစား၊ သဘော သဘာဝတို့အလိုက် တစ်ချောင်းနှင့်တစ်ချောင်း မတူညီကြပေ။ သို့သော် လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်ရာတွင် လက်ချောင်းငါးချောင်းစလုံးသည် သူ့တာဝန်နှင့်သူ တပေါင်းတစည်းတည်း ပေါင်းစုလုပ်ကိုင်ကြသည်။ အလိုရှိရာ ကိစ္စအဝဝတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြသည်။ မတူကွဲပြားသော်လည်း စည်းလုံးခြင်းသဘောဖြစ်သည်။
Mar 20, 2024
မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန် လိုသည်။ တန်ဖိုးမြင့်မားသည့် လူသား အရင်းအမြစ် တစ်နည်းအားဖြင့် ပညာတတ်များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်း ပင်ဖြစ်သည့်အလျောက် အမျိုးသားပညာရေး မြင့်မားအောင် ခိုင်ခိုင်မာမာ တည်ဆောက်သွားရမည်ဖြစ်သည်။
Mar 19, 2024
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကြေညာချက်
Mar 19, 2024
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
Mar 19, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာကို မတ်လ ၁၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းပစ်ခတ်ဝင်ရောက်ပြီး နာရေးကူညီမှုပရဟိတအသင်းရုံးနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 19, 2024
၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှ စတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေးဆုံးရှုံးခဲ့ကြပါသည်။
Mar 19, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း၏ စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှားနိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများ ဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြသည်။
Mar 19, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 19, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
Mar 19, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်းအစီအစဉ် Knowledge Sharing Program အရ “နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
Mar 19, 2024
အာဟာရချို့တဲ့မှုများပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေညာချက်အား အကောင်အထည်ဖော်ရန်အတွက် ပြုစုရေးဆွဲထားသည့် အာဆီယံဒေသတွင်းကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Message ပေးပို့၍ အမှာစကားပြောကြားသည်။
