Sep 30, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများတွင် လိုအပ်သည်များကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများအပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 30, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 30, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Sep 30, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ပေါ်ရှိနေအိမ်များကို တပ်မတော်ကမီးရှို့ဖျက်ဆီးနေကြောင်း သတင်းအတု၊ သတင်းအမှားများ မဟုတ်မမှန်သတင်းအမှားများ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
Sep 30, 2024
လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့သည် ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် ဆန်၊ ဆီစသည်တို့ကို စဉ်ဆက်မပြတ် လှူဒါန်းထောက်ပံ့ပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။
Sep 30, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ အောင်သိဒ္ဓိရတနာပုံကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမိန္ဒအား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
Sep 30, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 30, 2024
ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ စာရင်းစစ်ချုပ်ရုံးကကြီးမှူး၍ အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိကျင်းပသည့် အာရှတိုက်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions – ASOSAI) ၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉) ကြိမ်မြောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။
Sep 30, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ်အစည်းအဝေးခန်းမ၌ မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးတို့နှင့် တွေ့ဆုံသည်။
Sep 30, 2024
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း) EV Workshop ၌ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၄) သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသားများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။