Apr 15, 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံဘေးရှိ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်အပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခုနှင့် ရန်ကုန်မြို့အတွင်း ခရိုင်ဇုန်မြို့နယ်များတွင် ရေကစားမဏ္ဍပ်များကိုလည်း ယမန်နေ့၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့၌ အဆိုပါမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များတွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေပွဲကြည့်ရှုသူ သင်္ကြန်ချစ်သူပြည်သူတို့ဖြင့် စည်ကားလျက်ရှိသည်။
Apr 15, 2024
၁၃၈၆ခုနှစ် မြန်မာ့နှစ်သစ်ကူးအထူးဓမ္မသဘင် ကျင်းပမှု MRTV မှ တိုက်ရိုက်Live ထုတ်လွှင့်ပြသမည်
Apr 15, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 15, 2024
ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှာ လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက်မှာရှိတဲ့ ဆိုင်ကယ်ရပ်တဲ့နေရာမှာ ဆိုင်ကယ်တစ်စီးရဲ့ အိပ်ဇောကနေပြီး လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အတာသင်္ကြန်ပွဲဆိုတာသည် မြန်မာတို့ရဲ့ အထူးအလေးအမြတ်ထားရတဲ့ နှစ်ကူးပွဲတော်ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့လူမျိုးအသီးသီးမှာ မိမိတို့သက်ဆိုင်ရာအလိုက် နှစ်သစ်ကူးပွဲတွေ ကျင်းပကြပါတယ်။
Apr 15, 2024
မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်တွင် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် ကလေးငယ်ငါးဦးလည်း ပါဝင်နေသည်။ မိုင်းထောင်ဖောက်ခွဲခဲ့သည့် လက်သည်တရားခံမှာ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်ပြီး နှစ်သစ်ကူးချိန်ခါ ရိုးရာသင်္ကြန်ကာလတွင် အများပြည်သူစုဝေးသည့်နေရာဖြစ်သော သင်္ကြန်မဏ္ဍပ်ကို ပစ်မှတ်အဖြစ် ရွေးချယ်၍ ဖောက်ခွဲခဲ့ခြင်းက ၎င်းတို့၏ ရက်စက်ယုတ်မာမှု၊ အဆင်အခြင်ကင်းမဲ့မှု၊ ဉာဏ်ရည်နိမ့်ပါးမှု၊ သဘောထားသေးသိမ်မှုတို့ကို သက်သေပြလျက်ရှိသည်။
Apr 14, 2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
Apr 14, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရှိရသည်။
Apr 14, 2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနောက်ဘက် ဆိုင်ကယ်ရပ်နားဆောင်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Apr 14, 2024
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ဘင်္ဂါလီလူမျိုးကျေးရွာသူ၊ ကျေးရွာသားအချို့သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
Apr 14, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Apr 14, 2024
မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့၊ အဖွဲ့ဝင်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
Apr 14, 2024
ဒုတိယအကြိမ် ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ကြိုဆို၍ Senior Researcher Kostantin Morozov က ပြတိုက်အတွင်း လိုက်လံ ရှင်းလင်းပြသသည်။ ဗဟိုစစ်သမိုင်းပြတိုက်ရှိ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲဆိုင်ရာမှတ်တမ်း များနှင့် အောင်ပွဲရအထိမ်းအမှတ်များ ပြသထားသည့် Victory Hall၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော်၏ လှုပ်ရှား ဆောင်ရွက်မှု သမိုင်းမှတ်တမ်းများ အား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
Apr 14, 2024
၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအတာသင်္ကြန်မဏ္ဍပ်နေရာအသီးသီး၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကြသည်။
Apr 14, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၌ကျင်းပသည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင်ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဉာဏသိဒ္ဓိရေ ကစားမဏ္ဍပ်၌ကျင်းပသည်။
Apr 14, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/ နည်းပြများနှင့် အားကစားသမားများ၏ ပျော်ပျော်ရွှင်ရွှင်ရေပက်ကစားခြင်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ ပျော်ပျော် ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
Apr 14, 2024
သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်း ခြင်း” ဟု အနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါ မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှအညစ်အကြေးများ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းဆေးကြောလေ့ရှိကြပြီးရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူ များကိုအေးမြစေကြောင်း ရေပက်ဖျန်း၍ မြန်မာ့ရိုးရာအတာရေ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။
Apr 14, 2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၈)ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ယိမ်းအကအဖွဲ့ များနှင့် Dancer အကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
