Skip to main content

Sep 30, 2024

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းလေးသင်း၊ အသင်းသား ၂၄၇ ဦး၏ စိုက်ဧက ၂၀၀၀ အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးပေးထားကြောင်းနှင့် အောင်မြင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးမြင့်ဦး၏ လယ်ဧက ၂၀ ရှိ ဗီယက်နမ် (ဆာဖိုးသာ) မျိုး မိုးစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂)ခု ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် ပေါင်းလောင်းရေလှောင်တမံတွင် (၃ ဒသမ ၉၀)ပေနှင့် ငလိုက်ရေလှောင်တမံတွင် (၀ ဒသမ ၁၀)ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ လျော့ကျလာလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ အေးသာယာမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၇၆ ပီပါ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၆၀၀၉၃၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် UD Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၀၀၀၀၀)နှင့် ပြင်ဦးလွင်မြို့ (၂၁) မိုင်အကျော် ညောင်ပေါကျေးရွာလမ်းဘေး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၁၁၄၂၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၄/၇)အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်အခြားသစ် ၁၂ ဒသမ ၆၈၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၇၁၃၄၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Shwe Chan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၈၆၄၇၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၌ ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံက ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၃၂) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting) သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်