Skip to main content

May 07, 2024

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ (ငါးတန်) ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Owen Energy Saving Lamp မီးအိမ် ၈၆၀၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၉၆၃၃၆ ကျပ်) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Vinyl Sheet ၂၇၄၅ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၇၄၆၉၄၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၃၀၂၄၃၂၇၆ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ပဲခူးတိုင်းဒေသကြီး နယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေတောင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ ခုမှ ပြည်သူ ၃၃၁ ဦး၊ ပန်းတောင်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၉ ခုမှ ပြည်သူ ၃၀၆ ဦး စုစုပေါင်း ၆၃၇ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီး၍ (၃၂) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၆ ကျောင်းတို့တွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များကို အဆင့်မြင့်စက်ချုပ် ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်နိုင်စေရေးရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့ကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ယနေ့နံနက်ပိုင်းက တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မေ ၂ ရက် ညပိုင်းတွင် လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့မ (၂) နှင့် မြို့မ (၃) ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စားသုံးသူပြည်သူများ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်များ စားသုံးနိုင်စေရန်အတွက် စားသောက်ကုန်များကို ဈေးကွက်မတင်မီစိစစ်ခြင်း၊ ဈေးကွက်တင်ပြီးနောက် ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းစသည့် အစားအသောက်ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှုများအား အစဉ်တစိုက် ကြိုတင်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူအများအဖို့ စားသောက်ကုန်များကို ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူစားသုံးနိုင်ရန်အတွက် “အသင့်ထုပ်ပိုးထားသော အစားအသောက်များအမှတ် တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့်”အား မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ ၂၀-၁-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ်များပေါ်တွင် စားသောက်ကုန်သတ်မှတ်နံပါတ် (Food Product Code) များ ဖော်ပြနိုင်ရေးအတွက် စားသောက်ကုန်မှတ်တမ်းတင်ခြင်း (Food Product Notification) ကို လျှောက်ထားနိုင်ရန်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

စက်မှုဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံမှူးများ၊ စက်ရုံတာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဌာနမှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လေးထောင့်ပုံ သံမဏိချောင်းများ လျာထားချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် သနပ္ပင်မြို့နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

၂၀၂၄ ခုနစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော် (လေ) စက်ပစ်ကွင်း၌ ကျင်းပရာ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် အရာရှိကြီးများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာအုပ်စု နမ့်ဟူးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅)မှု တို့ကို ရုံးထိုင်ကြားနာ

ဆက်လက်ဖတ်ရှုရန်

May 07, 2024

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ (၂) ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သားဘာသာရပ်နှင့် ရေတပ်အချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သားဘာသာရပ်ကိုလည်းကောင်း၊ မြိတ်မြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန်ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်းတွင် ရေကူးဘာသာရပ်ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် လှေလှော်ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 07, 2024

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့်စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်