တောင်ငူ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက် ရှိသောကြောင့် တောင်ငူခရိုင်တွင်းရှိ၊ တောင်ငူမြို့နယ်တွင် ရေဘေးရှောင်စခန်း(၅၁)ခု၊ အိမ်ထောင်စု(၈၉၃၁)စု၊ လူဦးရေ(၃၆၈၄၁)ဦး၊ ရေတာရှည်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၈)ခု၊ အိမ်ထောင်စု(၄၂၉၆)စု၊ လူဦးရေ(၁၆၈၁၂)ဦး၊ ထန်းတပင်မြို့နယ်တွင် ရေဘေးရှောင်စခန်း (၈)ခု၊ အိမ်ထောင်စု(၉၆၂)စု၊ လူဦးရေ(၃၃၅၅)ဦး၊ အုတ်တွင်းမြို့နယ်တွင် ရေဘေးရှောင်စခန်း (၁၀)ခု၊ အိမ်ထောင်စု(၅၁၁၃)စု၊ လူဦးရေ(၂၀၇၆၄)ဦး၊ စုစုပေါင်း တောင်ငူခရိုင်အတွင်း ရေဘေးရှောင်စခန်း(၈၇)ခုရှိပြီး၊ အိမ်ထောင်စု(၁၉၃၀၂)တို့မှ ရေဘေးရှောင်ပြည်သူလူဦးရေ (၇၇၇၇၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့မှ ဦးဆောင်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ သောက်သုံးရေနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပြီး တောင်ငူခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉-၅၀၃၂၆၄၆သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်းနှင့် တောင်ငူမြို့သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် ခရိုင်သဘာ ဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကွပ်ကဲမှုရုံး၌ လာရောက်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။
ဇော်ကိုကို (တောင်ငူ)