Skip to main content

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ (၉၀၀၀) ကျော်အား  ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေး

ဘားအံ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ပြီး (၉၆၈) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အနေဖြင့် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၉၆၈ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေ၍ ပြည်သူများရေဘေးလွတ်ရာသို့  ပြောင်းရွှေ့နိုင်ရေးအတွက် တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ရေဘေးသင့်အိမ်ထောင်စု (၂၀၉၉) စု၊ အမျိုးသား (၄၄၀၀) ဦး၊ အမျိုးသမီး (၄၈၉၅) ဦး စုစုပေါင်း (၉၂၉၅) ဦးတို့ကို စက်တင်ဘာလ (၁၄) ရက်နေ့ထိ မြို့ပေါ်တွင် (၁၅)နေရာနှင့် ကျေးရွာ (၇) ရွာတို့တွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြောင်းရွှေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ဆန်ရိက္ခာများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ၊ ထမင်းဟင်းများ ပေးအပ်လှူဒါန်းထောက်ပံ့ပေးလျက်ရှိပြီး ဘားအံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)