Skip to main content

Jan 27, 2020

ကျောက်တလုံး ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ကြီးမှူး၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းနှင့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီခွဲက နောင်ခဲကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ကလော ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့သို့ အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် က ကလောမြို့သို့ ရောက်ရှိခဲ့ပြီး စက်ဘီးစီးနှင်းခြင်း နှင့် အထင်ကရနေနေရာများလေ့လာလည်ပတ်၍ GODEL LI LY ၌ တစ်ညတာ တည်းခိုအနားယူခဲ့ပြီး ယနေ့နံနက် ၈ နာရီခွဲအချိန် မော်တော်ယာဉ်ဖြင့် ကလောမြို့မှထွက်ခွာခဲ့ရာ စိမ်းလဲ့တောင်ကြားဆင်စခန်းသို့  ၉ နာရီခွဲ အချိန်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ဘားအံ ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ပခုက္ကူ  ဇန်နဝါရီ ၂၇

သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ် ((Wild Life Conservation Society-WCS) ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Bio Diversity and Nature Conservation Association- BANCA)၊ ပခုက္ကူတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ငှက်ကြည့်လေ့လာနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါတက္ကသိုလ် ၊ပင်မဆောင် အခန်း(၃၀၆)၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ထားဝယ် ဇန်နဝါရီ ၂၇

၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီး/ပြည်နယ်ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

သီပေါ   ဇန်နဝါရီ ၂၇

 

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ သီပေါမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရှမ်းပြည်အလှကုမ္ပဏီ လီမီတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက အဆိုပါစျေး၌ကျင်းပခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော်   ဇန်နဝါရီ   ၂၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့စတင်ကျင်းပသည့် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်းတွင် ဆွေးနွေးကြရမည့် ဥပဒေကြမ်းများအနေဖြင့် ၁၃ ခုရှိပါကြောင်း၊ အဆိုများအနေဖြင့် အသင့်ဖြစ်အဆို (၃)ခု ရှိပါကြောင်း၊ မေးခွန်းများအနေဖြင့် အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း (၂၁၇) ခုရှိကြောင်းကို အသိပေး တင်ပြလို ပါကြောင်း။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

မြိတ်  ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် လေဆိပ်၊ ကားဂိတ်နှင့် သင်္ဘောဆိပ်တို့၌ မြိတ်မြို့သို့ရောက်ရှိလာသည့် ခရီးသည်များအား ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့တွင် Control T . Infrared Thermoscope စမ်းသပ် ကိရိယာဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်