Skip to main content

Jan 27, 2020

မြစ်ကြီးနား ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ဝူဟန်ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို ကချင်ပြည်နယ်အတွင်းရှိ မြန်မာ - တရုတ် နယ်စပ် ဝင်/ထွက်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီနှင့် ပန်ဝါနယ်စပ် ဂိတ်များတွင် မြို့အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ ဦးဆောင်၍ ဌာနဆိုင်ရာစုပေါင်းအဖွဲ့များဖြင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

စုကလိ ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက်(၇) နာရီအချိန် စုကလိမြို့သို့ ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့် တွေ့ဆုံကာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ကြံခင်း ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်(ကြံခင်း)၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကြံခင်းမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

မြန်အောင် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေ မီးသတ်စခန်းဖွင့်ပွဲနှင့် အ-ထ-က ငါးပိဆိပ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

တိုက်ကြီး ဇန်နဝါရီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ရွှေမြိုင်သာယာကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာ တောစပ်ရှိ ဦးမင်းသိန်းမိသားစု နေထိုင်သည့် နေအိမ်အား ယမန်နေ့ နံနက် (၂) နာရီခွဲခန့်က တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန် ဇန်နဝါရီ ၂၆

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် Swiss Agency for Development and Cooperation (SDC)တို့ ပူးပေါင်း၍ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ဖွင့်လှစ်ထားသည့် သက်မွေးပညာ ကျွမ်းကျင်မှု ဆိုင်ရာလေ့ကျင့်ရေး စားဖိုဆောင် (Professional Training Kitchen) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ကျင်းပသည်။

လေ့ကျင့်ရေးစားဖိုဆောင်

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော်  ဇန်နဝါရီ ၂၇

နေပြည်တော် ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင်  ယမန်နေ့နံနက် ၁၀ နာရီက ပိုးစားတော-သရက်တော-တက်ရှိန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ကွန်ကရစ်လမ်းသစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်းနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

မန္တလေး ဇန်နဝါရီ ၂၇

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၄ ဒသမ ၄ သန်း ဝင်ရောက်သည့်အနက် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွား ခြောက်သိန်းရှစ်သောင်းကျော် ဝင်ရောက် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန် ဇန်နဝါရီ ၂၆

သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်၊၊

အပ်နှင်းချီးမြှင့်

ဆက်လက်ဖတ်ရှုရန်