Skip to main content

Jan 28, 2020

ရန်ကုန် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀) အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့်စပ်လျဉ်းသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

(၃၂)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ရန်ကုန်   ဇန်နဝါရီ    ၂၇

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစွမ်းပွဲကို ဇန်နဝါရီ ၂၈ ရက် (ယနေ့) ညနေ ၄ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener သည် ယနေ့ည ၇နာရီ ၂၅မိနစ်တွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

(သတင်းစဉ်)
 

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

SRI ကောက်စိုက်စက် (Minoru RX61) ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ကျောက်တလုံး ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ကြီးမှူး၍ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းနှင့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီခွဲက နောင်ခဲကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

နေပြည်တော် ဇန်နဝါရီ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ကလော ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့သို့ အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည် လေးဦးပါ စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန် က ကလောမြို့သို့ ရောက်ရှိခဲ့ပြီး စက်ဘီးစီးနှင်းခြင်း နှင့် အထင်ကရနေနေရာများလေ့လာလည်ပတ်၍ GODEL LI LY ၌ တစ်ညတာ တည်းခိုအနားယူခဲ့ပြီး ယနေ့နံနက် ၈ နာရီခွဲအချိန် မော်တော်ယာဉ်ဖြင့် ကလောမြို့မှထွက်ခွာခဲ့ရာ စိမ်းလဲ့တောင်ကြားဆင်စခန်းသို့  ၉ နာရီခွဲ အချိန်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2020

ဘားအံ ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်