ရန်ကုန် သြဂုတ် ၁၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့သည် ယနေ့ ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြား လာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေ များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်(ICCPR) စာအုပ်များနှင့် ကော်မရှင်လက်ကမ်း စာစောင်များကို ပေးအပ်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်