Nov 08, 2020
(၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၃၆၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁,၀၂၉) ဦး တွေ့ရှိရပါသည်။
Nov 08, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်း နေကြသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် အထွေထွေရွေးကောက်ပွဲကျင်းပရက် နိုဝင်ဘာ (၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်ခန့်က ဆန္ဒမဲပေးခွင့်ရနိုင်ရန်အတွက် အုပ်စုဖွဲ့၍ မူဆယ်မြို့၊ (၁၀၅)မိုင် အုပ်ချုပ်ရေးမှူးရုံး၌ တောင်းဆိုမှုဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲနည်းဥပဒေလမ်းစဉ်နှင့် ညီညွတ်ခြင်း မရှိသည့် အတွက် ဆန္ဒမဲပေးပိုင်ခွင့် ပြုမည်မဟုတ်ကြောင်း မူဆယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
Nov 08, 2020
၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နံနက် ၆နာရီမှ ညနေ ၄နာရီအထိ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ အေးချမ်း လွတ်လပ်စွာဖြင့် ဆန္ဒမဲ များပေးခဲ့ကြသည်။
Nov 08, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျ သိဒ္ဓိရပ်ကွက် အ.ထ.က (၅) ရှိ မဲရုံအမှတ် (၁)၊ အမှတ်(၂)၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ရှိ မဲရုံ အမှတ်(၂) နှင့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံအမှတ်(၁) အ.မ.က (ချင်းရွာ)များသို့ သွားရောက်၍ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 08, 2020
(၈-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀)နာရီ
(၇-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၀၇၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ #Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ https://www.mohs.gov.mm/
Nov 08, 2020
နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမဲရုံတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
Nov 08, 2020
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် မိသားစဝင်များသည် နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မဲရုံအမှတ်(၂)YCC ခန်းမ၌ ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
Nov 08, 2020
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး၌ ယနေ့ တစ်ပြိုင်တည်း ကျင်းပနေပြီဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ အဖြစ် တောင်းဆုခြွေလိုက်ရပါသည်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း ဖော်ဆောင်ရာ၌ ပိုမိုကောင်းမွန်သော ကဏ္ဍသစ်ကို ပြည်သူလူထုနှလုံးသားမှ အသစ်တစ်ဖန် ထပ်မံမွေးဖွား ပေးသောနေ့ဖြစ်၍ အောင်မြင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံသင့်ပါသည်။
Nov 08, 2020
ယနေ့ဆိုလျှင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မဲရုံများတွင် ပြည်သူလူထုအများ မဲပေးနေကြပေ ရော့မည်။ ပြည်သူအားလုံး စိတ်လှုပ်ရှားစွာဖြင့် သိလိုနေသည်မှာ ပြည်သူတွေက မည်သူတို့ကို ရွေးချယ်ကြပြီ လဲ ဟူသည့်အဖြေကို ဖြစ်ပါသည်။
Nov 07, 2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၆ ရက်မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် အမှာစကား ပြောကြားသည်။