Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ပြည်ထောင်စုနယ်မြေမဲရုံများ၌ ဆန္ဒမဲပေးမှု အခြေ အနေ ကြည့်ရှုစစ်ဆေး

 နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျ သိဒ္ဓိရပ်ကွက် အ.ထ.က (၅) ရှိ မဲရုံအမှတ် (၁)၊ အမှတ်(၂)၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ရှိ မဲရုံ အမှတ်(၂) နှင့် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံအမှတ်(၁) အ.မ.က (ချင်းရွာ)များသို့ သွားရောက်၍ မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ mask တပ်ဆင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့် စင်ခြင်း၊ social distancing နှင့်အညီ စနစ်တကျတန်းစီခြင်း၊ မဲရုံအဝင်၌ လက်သန်း မင်တို့ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မဲစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ် ထုတ်ပေးခြင်း၊ လွှတ်တော် အသီးသီးအတွက် ပြည်သူများ ဆန္ဒမဲပေးနေခြင်း၊ မဲပေးပြီးသည့် မဲဆန္ဒရှင်များ၏ လက်သန်းတွင် မင်တို့ခြင်း လုပ်ငန်းစဉ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ် ထည့်ထားသည့်မဲပုံးနှင့် ကြိုတင် ဆန္ဒမဲပေးသူများ စာရင်းတို့ကို ကြည့်ရှုစစ်ဆေးကာ ရွေးကောက်ပွဲလေ့လာသူများ၊ မဲရုံပရဝဏ်အတွင်း မဲပေးရန်စောင့်ဆိုင်း နေကြသော မဲဆန္ဒရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်