ဖလမ်း နိုဝင်ဘာ ၈
ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် မိသားစဝင်များသည် နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မဲရုံအမှတ်(၂)YCC ခန်းမ၌ ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်ရာတွင် မဲဆန္ဒရှင်ပြည်သူများက Hand Gel များအသုံးပြု၍ လက်ရှိပိုးမွှား သန့်စင်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ တပ်ဆင်သည့် ပါးစပ်နှင့်နှားခေါင်းစည်းကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ပြီး၊ မဲရုံမှထုတ်ပေးသည့် Mask များကို တပ်ဆင်ကာ မဲရုံတာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း ဆောင်ရွက် ပြီးနောက် သက်ဆိုင်ရာ လွှတ်တော်(၃)ရပ်အတွက် မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
ပြည်နယ်ဝန်ကြီးချုပ် မဲပေးသည့် မဲရုံတွင် မဲဆန္ဒရှင်(၇၈၆)ဉီးရှိပြီး ကြိုတင်ဆန္ဒမဲပေးသူ(၂၂၂)ဦးကြောင်းနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်သည် ယခုနှစ် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)