Dec 06, 2020
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက် စွာ တစ်သက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု သောအားဖြင့် စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်)တို့အား ၂၀၁၉ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
Dec 06, 2020
သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်း(BANCA)နှင့် ရခိုင်ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ခြောက်ခုမြောက်"ရမ်ဆာ" နိုင်ငံတကာ အရေးကြီး ရေဝပ်ဒေသဖြစ်သော ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝအား သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခံရရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA)မှ သိရသည်။
Dec 06, 2020
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများ၌ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
Dec 06, 2020
စာအုပ်စာပေတို့၏ အခန်းကဏ္ဍ မည်မျှတိုးတက်မြင့်မားသည်ဆို ခြင်းက နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု အဆင့် အတန်းနှင့် ဂုဏ်သိက္ခာကို ကိုင်းကာနေသည့် မှတ်ကျောက်တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ အထက်တန်း ကျသော နိုင်ငံနှင့် ယဉ်ကျေးသောနိုင်ငံသားတို့သည် စာအုပ်စာပေတို့ကို ယုံကြည်မြတ်နိုး တန်ဖိုးထားကြသည် ဟုလည်း ထင်မြင်ပါ၏။
Dec 06, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက် ဖြစ်ပွားနေသည်မှာ အချိန် ကာလ အားဖြင့် ကိုးလခန့်ကြာမြင့်နေပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှု အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုး ဆက်အနေဖြင့် နိုင်ငံ့စီးပွားသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာမှု ပိုမိုမြင့်မားလာသည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံတော် ကို ပြန်လည်ရုန်းကန်တည်ဆောက်နိုင်ရေးအတွက် ပြည်သူများ အသိ တရားဖြင့် သတိထားကာ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါသည်။
Dec 05, 2020
(၄-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၃၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၅၂၇) ဦး တွေ့ရှိရပါသည်။
Dec 05, 2020
ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Dec 05, 2020
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ (၂/၂၀၂၀) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။
Dec 05, 2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့ ၀န်ထမ်းများကို ဆင့်ပွား သင်တန်း ပေးခြင်းနှင့် အားပေးစကား ပြောကြားခြင်း အစီစဉ်ကိုယနေ့နံ နက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပ သည်။
အာရှဒေသသန့်ရှင်းသော လျှပ်စစ်စွမ်းအား (Asia Clean Power) ဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 05, 2020
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change – UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၆)ကြိမ်မြောက်ညီလာခံ၊ စွမ်းအင်ကဏ္ဍ အသွင် ကူးပြောင်းရေး ကောင်စီ (Energy Transition Council) အစည်းအဝေးကို ကွန်ဗင်းရှင်း၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူဆောင်ရွက်သည့် ဗြိတိန်နိုင်ငံမှဦးဆောင်၍ ဒီဇင်ဘာ ၄ ရက်နေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် အာဖရိက ဒေသ၊ အာရှဒေသနှင့် စီးပွားရေး အသွင်ကူးပြောင်းဆဲနိုင်ငံများအဖွဲ့(၃)ဖွဲ့ ခွဲ ပြီး တစ်ပြိုင်တည်း ကျင်းပသည်။