နေပြည်တော် ဒီဇင်ဘာ ၅
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့ ၀န်ထမ်းများကို ဆင့်ပွား သင်တန်း ပေးခြင်းနှင့် အားပေးစကား ပြောကြားခြင်း အစီစဉ်ကိုယနေ့နံ နက်ပိုင်းတွင် Online စနစ်ဖြင့် ကျင်းပ သည်။
အစီအစဉ်တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စေတနာ့ ၀န်ထမ်း များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးမွန်မြတ်ပါ ကြောင်း၊ စေတနာ့ ၀န်ထမ်းများ သည်သည်းခံစိတ်၊ ကိုယ်ချင်း စာစိတ်၊ မေတ္တာတရား၊ ကိုယ်ကျိုး စွန့်၍ အန္တရာယ်ကိုရင်ဆိုင်နိုင်သော စာဂတရား၊ အခက်အခဲ စိန်ခေါ် မှုများကြုံတွေ့တိုင်း ဇွဲသတ္တိဖြင့် နောက်မဆုတ်သော ဝီရိယတရားတို့ဖြင့် ပြည့်စုံသူများဖြစ်ကြပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကူးစက်မြန်သော ရောဂါဖြစ်သဖြင့် စေတနာ့ ၀န်ထမ်းများအနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးရာတွင် အသက်အရွယ်အခြေအနေနှင့် ကဏ္ဍ အလိုက် အသိ ပညာ၊ လုပ်ငန်းဆိုင်ရာနှင့် တာ၀န်အလိုက် ပြောဆိုဆက်သွယ်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်ချ လုံခြုံရမှု၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးပေးနိုင်မှု စသည် တို့ကို စနစ်တကျဆောင်ရွက်ပေး နိုင်ရန်လိုအပ်သည့်အပြင် မိမိကိုယ်ကိုယ်လည်း ရောဂါပိုး မကူးစက်အောင် စောင့်ရှောက် ကာကွယ်နိုင်ရမည်ဖြစ်သည့်အတွက် ဤသင်တန်း များကို အလေးထား ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းစဉ်များကို အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြရာတွင် မိမိဆန္ဒအ လျောက် ပါ၀င်ပေးကြသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်တွေ့တာ၀န်ထမ်း ဆောင်ရာတွင် တွေ့ကြုံ ရမည့် အခက်အခဲများ၊ လိုအပ်ချက်များကို မှတ်သားလေ့လာထားပြီး ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ရေး ပြန်လည် ဆွေးနွေး ပေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါ အစီအစဉ်သို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်း၀န် ဒေါက်တာကိုကိုနိုင် ၊လူမှု၀န်ထမ်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနှင့် လူမှု၀န် ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီး ဌာနတို့မှ သင်တန်းဆရာ၊ဆရာမ များ၊ အမျိုးသားအဆင့်စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး အဖွဲ၀င် များ၊ နေ ပြည်တော် ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသားစေတနာ့၀န်ထမ်းများတက် ရောက်ကြသည်။
အဆိုပါ စေတနာ့၀န်ထမ်းဆင့်ပွားသင်တန်းကို နံနက်၉နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆွေးနွေးပို့ချခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)