စာအုပ်စာပေတို့၏ အခန်းကဏ္ဍ မည်မျှတိုးတက်မြင့်မားသည်ဆို ခြင်းက နိုင်ငံတစ်ခု၏ ယဉ်ကျေးမှု အဆင့် အတန်းနှင့် ဂုဏ်သိက္ခာကို ကိုင်းကာနေသည့် မှတ်ကျောက်တစ်ခုဖြစ်သည်ဟု ယူဆပါသည်။ အထက်တန်း ကျသော နိုင်ငံနှင့် ယဉ်ကျေးသောနိုင်ငံသားတို့သည် စာအုပ်စာပေတို့ကို ယုံကြည်မြတ်နိုး တန်ဖိုးထားကြသည် ဟုလည်း ထင်မြင်ပါ၏။
စာအုပ်စာပေနှင့် ပတ်သက်လျှင် မြန်မာလူမျိုးတို့သည် အထက် တန်းကျသော အတွေးအမြင်ရှိ၏။ အစဉ်အလာ နှင့်ရိုးရာ ယုံကြည်မှု ဓလေ့မှာပင် စာတစ်လုံးဘုရားတစ်ဆူ၊ အလိမ္မာစာမှာရှိ စသည်ဖြင့် စာကို ရိုသေလေး မြတ်ကြ၏။ စာတတ်ခြင်းကိုလည်း တန်ဖိုးထားကြ၏။ ကျေးလက်ဒေသများတွင် ကလေးငယ်များ အရွယ် ရောက်ပြီ ဆိုသည်နှင့် ဘုန်းကြီးကျောင်းပို့၊ အခြေခံ စာရေးစာဖတ်နှင့်နောဧက နော စသည့် သင်္ချာအခြေခံ အတွက်အချက်ကို သင်ကြားရ၏။ ကျေးလက်ဓလေ့ဟုဆိုရပါမည်။
မြို့နေသူများဆိုလျှင်လည်း သည်သို့သာ။ အရွယ်ရောက်သည် နှင့် ကျောင်းပို့၊ စာသင်စေချင်ကြသည်။ ဆင်းရဲ လွန်းသည့်အတွက် ကလေးကျောင်းပို့ရန် ငွေကြေးမတတ်နိုင်ဘူးဆိုလျှင်ပင် အနိမ့်ဆုံး တော့ စာဖတ်တက်အောင် သင်စေချင်၏။ ယင်းသို့ ဘုန်းကြီးကျောင်းသင် ပညာရေးဖြစ်စေ၊ လောကဓာတ် ကျောင်းသင်ဖြစ်စေ၊ မြန်မာ ကလေးငယ်များ စာပေအခြေခံပညာ၊ ယဉ်ကျေးမှု ဘာသာရေး အခြေခံတို့ကို သင်ကြားသည်ဆိုခြင်းက မြန်မာ လူမျိုးတို့၏ ရိုးရာဓလေ့ဖြစ်နေပြီ။ ။
မိဘတို့ကံအကျိုးပေးမကောင်းလို့ ပညာကောင်းကောင်းမသင်ခဲ့ ရဟု ဆိုလျှင်ပင် သားသမီးများကို ပညာ တတ်ကြီးများ ဖြစ်စေလို လှ၏။ သားသမီးတို့၏ ဘွဲ့ဝတ်စုံဖြင့် အမှတ်တရဓာတ်ပုံသည် အိမ်ခေါင်းရင်း ခန်းတွင် ကျကျနန နေရာယူထားလေ့ရှိ၏။ ပညာတတ် ခြင်းသည်၊ စာတတ်ခြင်းသည် မိသားစုအတွက် အရေးပါသည်ဟု ယုံကြည်ကြ၏။ စာတက်ခြင်း၊ စာဖတ်ခြင်းသည် နိုင်ငံအတွက် အရေး ပါသည်ဟု မြင်ကြ၏။ မိမိတို့၏ နိုင်ငံရေး ခေါင်းဆောင်များ ပညာ တက်ခြင်း၊ စာဖတ်ခြင်းကို ဂုဏ်ယူလိုကြ၏။ ဤသို့ဤနှယ် စာပေကို တန်ဖိုးထားကြ၏။ စာပေဟောပြောပွဲများ တစ်နှစ်လုံးလိုလိုကျင်းပ နေသည်မှာ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ဖြစ်၏။ ယင်းသို့သော စာပေပွဲများကိုလှဲချီးကျင်းပသည်မှာကမ္ဘာတွင်ပင် ရှားလောက်ပါမည်။
ပြည်သူလူထု၏ စာအုပ်စာပေအပေါ်ထားရှိသော တန်ဖိုးထား မှုကိုကည်ကာ စာပေဆုများဟူ၍ ဖန်တီးချီးမြှင့် ခဲ့သည်မှာ လွတ်လပ် ရေးရသည့် အချိန်ကပင် စခဲ့ခြင်းဖြစ်၏။ စာပေတိုးတက်မြင့်မားရေး သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်အရေးပါသည်ဟု ယုံကြည်ခဲ့ကြသည်။
ထိုစာပေတိုးတက်မြင့်မားရေးနှင့် တစ်ဆက်တစ်စပ်တည်း ရှိနေ သည်မှာ စာပေလွတ်လပ်ခွင့်ဟုဆိုသော် မှားအံ့ မထင်။ ဒီမိုကရေစီ စနစ်ကို ထူထောင်သည့်အခါ မလွဲမသွေ တွဲဖက်ပါဝင်နေသည်က လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ခွင့်ဖြစ်၏။ တစ်ပါးသူကို ထိခိုက်နစ်နာ မဖြစ်စေရန် စောင့်ထိန်းမှုနှင့် ယှဉ်တွဲနေသည့် လွတ်လပ်ခွင့်။ နိုင်ငံ သား အားလုံး၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်။ သတင်းနှင့် စာပေ လွတ်လပ်ခွင့်။ ။
ဒီမိုကရေစီ မှောင်ကြီးကျ ကာလတုန်းက စာပေလွတ်လပ်ခွင့် ဆိုသည်လည်း မှောင်ကြီးကျခဲ့ရလေသည်။ စာပေ လွတ်လပ်ခွင့်မရှိ လိုက်သည်မှ အာဏာရှင် ငြင်သူတို့၏အမည်နာမကိုပင်ဖော်ထုတ် ရေးသားခွင့်မရှိ။ မြန်မာ စာပေလောက၏ ထိပ်ခေါင် အမျိုးသား စာဆိုတော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်ပင် စာပေ အမှောင် ထုထဲတွင် လှောင်ပိတ်ထားခြင်းခံခဲ့ရသည်ထိ။
စိတ်ကူးဉာဏ်နှင့် ဖန်တီးနိုင်စွမ်းသည် စာပေလွတ်လပ်ခွင့်ရှိမှ နိုးကြားရှင်သန်မည်။ အထက်တန်းကျသော စာကောင်း ပေမွန်တို့ကို များများထွက်ပေါ်စေလိုလျှင် စာပေလွတ်လပ်ခွင့်ရှိမှဖြစ်မည်။ယခု ' အခါတွင် ဒီမိုကရေ စီဘောင် ကျယ်ပြန့်လာသည်နှင့်အမျှ စာပေ | လွတ်လပ်ခွင့်သည်လည်း တိုးတက်မြင့်မားလာခဲ့ပြီဟု မြင်ပါသည်။
နိုင်ငံတော်အဆင့် သတ်မှတ်ပေးအပ်နေသော အမျိုးသားစာပေဆု သည်ပင် အစိုးရကပေးအပ်သည့် ဆုမဟုတ်တော့ပြီ။ ။
ဆရာကြီးဦးသော်ကောင်း၊ ဆရာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ)၊ ဆရာမောင်ပေါ်ထွန်း စသည့် လေးစား အပ်သော စာပေနယ်က ဆရာကြီးများ ဦးဆောင်သည့် အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့ က လွတ်လပ်စွာ ရွေးချယ်ပေးအပ်သည့်ခေတ်သို့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ၂၀၁၉ ခုနှစ်က ထွက်ရှိသော စာအုပ်များထဲက အမျိုးသားစာပေဆုအဖြစ် ထိုက်တန်သော စာအုပ်များ အဖြစ် ရွေးချယ်ခြင်းခံရသော စာပေဆု ၁ဝ ဆုနှင့် ဂုဏ်ထူးဆောင်ဆုအဖြစ် ချီးမြှင့်သော တစ်သက်တာ စာပေ ဆုနှင့် တစ်သက်တာပညာရှင်ဆု နှစ်ဆုပေါင်း ၁၂ ဆု၏ အမည်စာရင်းများကို သတင်းဌာနများက ကြေညာလိုက် ပါသည်။ )
ကိုင်းပြည်၏ စာပေမြင့်မားတိုးတက်မှုမှသည် နိုင်ငံတော်၏ မြင့်မားတိုးတက်မှု၊ အထက်တန်းကျသော ယဉ်ကျေး မှုနှင့် ကြီးမြင့်သော ဂုဏ်သိက္ခာကို ဖြစ်ထွန်းပါစေကြောင်း ဆုမွန်ကောင်းရင်း အမျိုးသားစာပေဆုရှင်များကို ဂုဏ်ပြု လိုက်ရပါကြောင်း။ ။